Tuesday, June 10, 2014

မဟာသန္တိသုခကျောင်းတိုက်မှ ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာများနှင့် ဒါယိကာများအား ကမ္ဘာအေး မဟာပါသနလှိုင်ဂူဝင်းအတွင်းသို့ ခေါ်ယူထိန်းသိမ်းထား




            မဟာသန္တိသုခကျောင်းတိုက် အချိန်မတော် ၀င်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သိရသောသတင်း
များအရ ပီနန်ဆရာတော်ကြီး၏ တပည့် သံဃာများနှင့် ဒါယိကာများအား ကျောင်းတိုက်ကြီးမှ ဖယ်ရှားပြီး ကမ္ဘာအေး မဟာပါ
သနလှိုင်ဂူဝင်းအတွင်းသို့ ခေါ်ယူသွားကြောင်း သိရသည်။ လက်ရှိတွင် မဟာသန္တိသုခကျောင်းတော်ကြီးအား ယာယီချိပ်ပိတ်
လိုက်သည်ဟု ယူဆရပြီး လုံခြုံရေးလာရောက်ယူဆောင်ပေးနေသော ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူးကြီးသက်လွင်က သာသနာ
ရေးကိစ္စဖြစ်သဖြင့် မည်သည့် မှတ်ချက်မှ မပေးနိုင်ကြောင်း ပြောသည်။
             “သာသနာရေးဆိုင်ရာကိစ္စပါ၊ မနက်ဖြန်ကျရင် သူတို့ ပြောလိမ့်မယ်ဗျာ နော်၊ အခုကတော့ လုံခြုံရေးယူပေးထားတာ
ပဲရှိတယ်၊ ကျန်တဲ့ကိစ္စတွေ ကျနော်တို့မသိဘူး၊ လုံခြုံရေးယူတယ်ဆိုတာ သာသနာရေ၀န်ကြီးဌာနက ညွှန်ကြားချက်နဲ့ပေါ့” ဟ
ု ရဲမှူးကြီးက ပြောသည်။ ပီနန်ဆရာတော်ကြီးနှင့် မဟနအကြား မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှုအငြင်းပွားမှု အရှိန်မြင့်
တတ်ခဲ့သော များမကြာသေးခင်ကာလက သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုယ်တိုင်မှ သံဃာတော်များ၏အရေးဖြစ်သဖြင့်
 သာသနာရေးဝန်ကြီးဌာနမှ ၀င်ရောက် မစွက်ဖက်လိုကြောင်း အတိအလင်းပြောကြားခဲ့ဖူးသော်လည်း ပြေလည်မှုမရရှိသေးခင် 
ယခုကဲ့သို့ ရဲတပ်ဖွဲ့လုံခြုံရေး၊ အမည်နာမမသိရသော လုံခြုံရေးတပ်ဖွဲ့များအပြင် walkie talkie ကိုင်ဆောင်ထားသော၊ လုံခြုံရေး
အရခေါ်ဆောင်လာသည်ဟု ယူဆရသော သံဃာတော်များဖြင့် အကြမ်းဖက်ဂိုဏ်းတခုအား ၀င်ရောက်စီးနင်းသည့်အသွင်ဖြင့် 
လုပ်ဆောင်ခဲ့ခြင်းမှာ သာသနာရေးဝန်ကြီးဌာန၏ ရှေ့နောက်မညီသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း ပြောဆိုဝေဖန်သံများ ထွက်ပေါ်
လျှက်ရှိသည်။
           မဟာသံန္တိသုခကျောင်းတိုက်အရှေ့၌ ရှုပ်ထွေးမှုများဖြစ်ပေါ်နေစဉ် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သန်းနွယ်နှင့် ဒေါ်လှလှမိုး
တို့အဖွဲ့ ရောက်ရှိလာပြီး ၎င်းတို့က မဟာသံန္တိသုခကျောင်းတော်ကြီးအား သဲပုံမှစ၍ ပီနန်ဆရာတော်ကြီးနှင့်အတူ နယ်တကာလှည့် 
အလှူခံ၍ ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ကြောင်း၊ ကျောင်းတိုက်ကြီးအား ဆရာတော်ကြီး အဝေးရောက်နေစဉ် 
သာသနပကိစ္စများအတွက် အသုံးပြုနေသည်မှာ မှန်ကန်ကြောင်း၊ ယခုကဲ့သို့ အမျိုးဘာသာသာသနာဟု သံယောင်လွှင့်ပြီး ဗုဒ္ဓသာ
သနာပြုဆရာတော်ကြီး၏ ကျောင်းတိုက်အား အချိန်မတော် ၀င်ရောက်ဆီနင်းခြင်းကို နားမလည်နိုင်ကြောင်း တိုင်တည်ပြောဆိုသည်။
“ကျမတို့ကိုယ်တိုင် ဒီမှာ စိတ်မကောင်းခြင်းကြီးသွာနဲ့ ရှုတင်တွေရိုတ်နေရတာ၊ အခန်းငှားစာတာတွေတောင်ရှိတယ်” ဟု ဒေါ်ခင်သန်းနွယ်
က ပြောသည်။ယင်းအပြင် ၎င်းတို့ ၂ ဦးက လုံခြုံရေးယူထားသည်ဟု ယူဆရသော သံဃာတော်များအား ချဉ်းကပ်လျှောက်ထားရန်ကြိုး
စားသော်လည်း ယင်းသံဃာများက တစုံတရာမိန့်ကြားရန် ငြင်းပယ်ခဲ့သည်။
         “ဒါပဲ၊ မေးလိုက်ရင် ဘယ်သူမှ မသိဘူး၊ ဘယ်သူမှ တာဝန်မယူဘူး၊ ဒါကြောင့် မြန်မာပြည်ကြီး မတိုးတတ်တာ”ဟု ဒေါ်ခင်သန်းနွယ်
က မှတ်ချက်ပြုသည်။ပီနန်ဆရာတော်ကြီး၏ တပည့် သံဃာများနှင့် လူပုဂ္ဂိုလ်များအား ကမ္ဘာအေး မဟာပါသနလှိုင်ဂူသို့ ခေါ်ဆောင်ထား
ပြီးဖြစ်၍ သတင်းသမားများ မဟာပါသနလှိုင်ဂူဝင်းအထိ လိုက်ပါစောင့်ဆိုင်လျက်ရှိကြသော်လည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ကျသူ
များက လုံးဝ ၀င်ခွင့်မပြုချေ။ 
           မဟာသန္တိသုခကျောင်းတိုက်၏ မူလပိုင်ရှင်မှာ ပီနန်ဆရာတော်ကြီးဖြစ်ကြောင်း၊ ဆရာတော်ကြီးပြည်ပထွက် သာသနာပြုနေစဉ် 
ဗိုလ်ချုပ်မှူးကြီးခင်ညွှန့်လက်ထက်က မဟနသို့ လွှဲပေးခဲ့ကြောင်း၊ ကျောင်းတော်ကြီးအား မူလ ရည်ရွယ်ချက်မှ သွေဖီ၍ ရုပ်ရှင်ရိုတ်ကွင်း
အဖြစ် ငှားရမ်းခြင်းအပါအဝင် သာသနာပ ကိစ္စရပ်များ လုပ်ဆောင်လျက်ရှိကြောင်း သတင်းဖော်ပြချက်များရှိခဲ့သည်။

သတင်းဓါတ်ပုံ - လုံခြုံရေးအတွက် ပင့်ဆောင်လာသည်ဟု ယူဆရသော သံဃာတော်အချို့အား မဟာသန္တိသုခကျောင်းတိုက်အရှေ့၌ တွေ့မြင်ရပုံ


(စောင့်ကြည့်သတင်းဂျာနယ်)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More