Sunday, June 8, 2014

နေပြည်တော်တွင် ငလျင်လှုပ်


             ယနေ့ညနေ ၃နာရီ ၄၅မိနစ်ခန့်က နေပြည်တော်တွင် ရစ်ခ်ျတာစကေး ၃ဒသမ ၃အဆင့်ရှိငလျင်
တစ်ကြိမ်လှုပ်ခတ်သွားခဲ့ပြီး နေပြည်တော် လယ်ဝေးမြို့အနီးတစ် ၀ိုက်ကို ဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်ကြောင်း
 မိုး/ဇလဌာနမှ သတင်းရရှိသည်။
             ‘‘နေပြည်တော် တစ်ဝိုက်မှာပဲ ခံစားလိုက်ရတာပါ။ တခြားနေရာတွေက ခံစားမှုမရှိခဲ့ပါဘူး’’ဟု မိုး/ဇ
လဒုတိယညွှန်ကြားရေးမှူးဦးကျော်မိုးဦးကပြောသည်။သို့သော်တစ်ကမ္ဘာလုံးမှ မြေငလျင်လှုပ်ခတ်မှုများဖော်ပြ
ပေးနေသော အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန(USGS)ကအဆိုပါ မြေငလျင်မှာ ပျဉ်းမနားမြို့ တောင်ဘက် 
၁၂မိုင်ကျော်ကွာဝေးသောနေရာကို ဗဟိုပြုလှုပ်ရှားခဲ့ပြီး ပြင်းအား ၄ဒသမ၆ရစ်ခ်ျတာစကေးရှိကြောင်းဖော်ပြထား
သည်။
             မြန်မာနိုင်ငံတွင် အကြီးဆုံးပြတ်ရွေ့ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် နေပြည်တော်အနီးမှ
 ဖြတ်သန်းသွားပြီး အင်အားအနည်းငယ်သာရှိသည့် ငလျင်များမကြာခ ဏလှုပ်ခတ်လေ့ရှိကြောင်း ဦးကျော်မိုးဦး
ကဆိုသည်။အဆိုပါငလျင်ကို နေပြည်တော်နှင့် မန္တလေးမြေငလျင်စခန်းမှ တိုင်းတာရရှိခဲ့ပြီး မန္တလေးမြို့မှ တောင်
ဘက်မိုင် ၁၆၀ခန့်အကွာနှင့် လယ်ဝေးမြို့မှ အနောက်တောင်ဘက်ငါးမိုင်ခန့်အကွာကို ဗဟိုပြုခဲ့ကြောင်း နေပြည်တော်
မြေငလျင်ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
          ‘‘တစ်အိမ်လုံး လှုပ်ခါလိုက်သလိုဖြစ်သွားတော့ လန့်သွားတယ်။ နှစ်စက္ကန့်လောက်ပဲကြာပေမယ့် သိသိသာသာ
ကိုခံစားလိုက်ရတာ’’ဟု နေပြည်တော်မြို့မဈေးအနီးနေထိုင်သူ ကိုရာဇာကပြောသည်။နေပြည်တော် ဇမ္ဗူသီရိမြို့ ၀န်
ထမ်းအိမ်ရာတစ်ခုတွင်နေထိုင်သည့် အစိုးရအရာရှိတစ်ဦးကလည်း တိုက်ပေါ်ရှိအသုံးအဆောင်ပစ္စည်းအချို့နေရာရွေ့
သွားသည်အထိ သိသိသာသာလှုပ်ခတ်သွားကြောင်းပြောသည်။
           မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ပြီးခဲ့သည့် ဇန်န၀ါရီ ၁ရက်က ငလျင်နောက်ဆုံးလှုပ်ခဲ့ပြီး ဒေးဒရဲပြတ်ရွေ့ကြော
လှုပ်ရှားခြင်းဖြစ်ကာ ပြင်းအား ၄ဒသမ ၇အဆင့်ဖြင့် ရန်ကုန် တိုင်းဒေသကြီး တွံတွေးမြို့အနီးကို ဗဟိုပြုခဲ့ခြင်းဖြစ်သည်။

Frmo / 7daydaily.com

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More