Thursday, June 12, 2014

ကျူးကျော်နေထိုင်ခြင်းကြောင့် ဖယ်ရှားခြင်းဖြစ်ကြောင်း မဟာသန္တိသုခပြဿနာကို သာသနာရေးရှင်းလင်း




               မဟာသန္တိသုခကျောင်း တိုက်ကို ချိပ်ပိတ်ပြီးသီတင်းသုံး နေသော သံဃာတော်များနှင့် ကျောင်းကပ္ပိယများ
ကိုဖယ်ရှားအ ရေးယူဆောင်ရွက်ခြင်းသည် သံ ဃာထုပိုင်ကျောင်းတိုက်အတွင်း ကျူးကျော်နေထိုင်ခြင်းကြောင့် ဖြစ်ကြောင်း
 သာသနာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကပြော သည်။ သံဃာထုပိုင်ကျောင်းတိုက် ဖြစ်သော မဟာသန္တိသုခကျောင်း
တိုက်တွင် အာဂန္တုအဖြစ်သီတင်း သုံးခွင့်ပေးထားသော ပီနန်ဆရာ တော်ဦးပညာဝံသက ၎င်း၏ကိုယ် ပိုင်ဆုံးဖြတ်ချက်များဖြင့်
ထို ကျောင်းတိုက်တွင် ပြုလုပ်နေခြင်း ကြောင့် ဖယ်ရှားအရေးယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ပြုလုပ်သည်
့ မဟာသန္တိသု ခကျောင်းတိုက်ချိပ်ပိတ်ဖယ်ရှား ခံရမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သာသ နာရေးဝန်ကြီး
ဌာနမှ တာဝန်ရှိသူ များကပြောသည်။
            ‘ကျောင်းတော်ကြီးမှာ ခွင့် ပြုချက်မရရှိဘဲ ကျူးကျော်ဝင် ရောက်နေထိုင်လို့ သီတင်းသုံးနေ ထိုင်တဲ့ သံဃာတော်တွေ၊ လူ
 ပုဂ္ဂိုလ်တွေ၊ ခန့်အပ်ထားတဲ့သင် တန်းမှူးဆရာတော်တွေနဲ့ ဂေါပ ကအဖွဲ့ဝင်တွေကို ဖယ်ရှားတာပါ။ အဲဒီကျောင်းတိုက်ကလည်း
သံ ဃာတော်ငါးသိန်းပိုင်တဲ့ကျောင်း ပါ။ ပီနန်ဆရာတော်ကြီးကိုလည်း အာဂန္တုအဖြစ် သီတင်းသုံးခွင့်ပဲ ပေးထားတာပါ’’ဟု နိုင်ငံတော်
သ မ္မတရုံးအကြံပေး၊ သာသနာရေး အကြံပေး ဦးအံ့မောင်က ပြော သည်။
                 မဟာသန္တိသုခကျောင်း တိုက်တည်ဆောက်ရာတွင် ကျပ် သိန်း ၈၅၀၀ ကျော်ကုန်ကျပြီး ပီနန်ဆရာတော်ကြီး၏ ဒကာ၊
ဒကာမများ၏ အလှူငွေမှာ ကျပ်သိန်းတစ်ထောင်သာ ပါဝင်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခိုင်အောင်က ပြော
သည်။ ကျောင်းတိုက်ချိပ်ပိတ်ဖယ် ရှားချိန်တွင်ကျောင်းတိုက်အ တွင်း၌ ရှိသော အင်္ဂလန်ဆရာ တော်အပါအ၀င် သံဃာကိုးပါး အား
သံဃာလုပ်ထုံးလုပ်နည်းများ ဖြင့်အရေးယူဆောင်ရွက်ထားပြီး လူပုဂ္ဂိုလ် ၃၂ ဦးကို တာမွေမြို့မရဲ စခန်းတွင် အမှုဖွင့်အရေးယူထား ကာ
 အာမခံဖြင့်ဆောင်ရွက်ထား သည်။
              ပီနန်ဆရာတော်ကြီးသည် ဆယ်စုနှစ်တစ်စုခန့် ပြည်ပနိုင်ငံ များသို့ ကြွချီသီတင်းသုံးနေရာမှ မဟာသန္တိသုခကျောင်းတိုက်
တွင် တည်းခိုသီတင်းသုံးရန် မဟာ သံဃနာယကသို့ ခွင့်ပြုချက် တောင်းခံသောကြောင့် ၂၀၁၃ ခု နှစ် ဇန်န၀ါရီ ၂ရက်တွင် အာဂန္တု
ဧည့်သည်အဖြစ် တစ်ပါးချင်းနေ ထိုင်ရန် မဟာသံဃနာယက က ခွင့်ပြုချက်ပေးခဲ့သည်။
                  တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား တိုင်းသံဃ နာယကဆရာတော်များဦးဆောင် ၍
သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အားတစ်ထောင် ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီ တွင် ၀င်
ရောက်စီးနင်း၍  ကျောင်း တိုက်ရှိ သံဃာတော်များကို ဖယ်ရှားကာ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါကျောင်းကို ချိပ်
ပိတ်ချိန်တွင် ပီနန်ဆရာတော်ကြီးသည် ဂျပန် နိုင်ငံသို့ ရောက်ရှိနေသည်။
             မဟာသန္တိသုခကျောင်း တိုက် ချိပ်ပိတ်ခံရမှုနှင့်ပတ်သက် ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ပီနန်ဆရာတော်ဦးပညာဝံသထံ
ဆက်သွယ်မေးမြန်းရာ ထိုကျောင်းတိုက်သည် ၎င်းပိုင်ဆိုင်ခြင်း ဖြစ်ပြီး ဂရန်ပိုင်ဆိုင်မှုများလည်း ရှိ ကြောင်း မိန့်ကြားသည်။‘‘သူခိုးက လူကို
ပြန်ဟစ်သ လိုဖြစ်နေတယ်။ ဘုန်းကြီးကကျူး ကျော်ဝင်ရောက်လာတာလား၊သူ တို့က ကျူးကျော်ဝင်ရောက်တာ လားမေးချင်ပါတယ်။
ဓမ္မစက်ကို အာဏာစက်နဲ့ လုပ်လိုက်တော့ ဘုန်းကြီးတို့က ဘာလုပ်လို့ရမှာ တုံး။ အာဏာက သူတို့လက်ထဲ မှာပဲဟာ။ ဦးပဉ္စင်းတို့က အာဏာ
 မရှိလို့ ဘာလုပ်လုပ်တရားမ၀င် ဘူးပေါ့’’ဟု ပီနန်ဆရာတော် ဦးပညာ ၀ံသကမိန့်သည်။
              ‘‘ကျွန်မတို့ အလှူဒါနတွေနဲ့ ဆောက်ထားတဲ့ကျောင်းပါ။ ဆ ရာတော်ကြီးက ကမ္ဘာကိုလှည့် ပြီး သာသနာလုပ်နေတာပါ။ ဒီ ကျောင်း
က သူပိုင်တဲ့ကျောင်းပါ။ ညအချိန်မှာ အင်အားသုံးပြီး သံဃာတော်တွေ ဖယ်ရှားတာ၊ ကျောင်းတိုက်ကို ချိပ်ပိတ်တာ ဟာ မလုပ်သင့်တဲ့ကိစ္စပါ’’
ဟု ပီ နန်ဆရာတော်ကြီး၏ ဒါယိကာမ ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဒေါ် ခင်သန်းနွယ်ကပြောသည်။ မဟာသန္တိသုခကျောင်း တိုက်မှ သံဃာတော်
များအား သာ သနာရေးဦးစီးဌာနနှင့် မြန်မာနိုင် ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍အင်အား သုံးဖယ်ရှားခြင်းအတွက် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့
နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တို့တွင် တာဝန်ရှိသကဲ့သို့ ပြည် ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်မကင်းကြောင်း ၈၈မျိုး ဆက်ငြိမ်းချမ်း
ရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဖယ်ရှားပြီး နောက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
              အဆိုပါဖြစ်ရပ်သည် ဗုဒ္ဓဘာ သာထွန်းကားသော နိုင်ငံတစ်ခု တွင် အကျည်းတန်အရုပ်ဆိုးသော လုပ်ရပ်တစ်ခုဖြစ်ပြီး မဟာသန္တိသု
ခကျောင်းတော်ကြီး၏ ပဓာနနာ ယကဆရာတော်ကြီး ပြည်ပသာ သနာပြုခရီးကြွရောက်နေစဉ် အ  ချိန်ကိုက်အင်အားသုံးဖယ်ရှား သည့်အတွက်
မရိုးမဖြောင့်ဟုယူ ဆကြောင်း ၈၈ငြိမ်း/ပွင့်၏ထုတ် ပြန်ချက်တွင်ပါရှိသည်။
From / 7day

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More