Monday, June 30, 2014

ISIS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် နယ်မြေများကို အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ကြေညာ



                အီရတ်နှင့် ဆီးရီးယားတို့တွင် ၎င်းတို့ သိမ်းယူထားသည့် နယ်မြေများဖြင့် အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် 
သတ်မှတ်ထူထောင်ကြောင်း ISIS စစ်သွေးကြွများက ကြေညာခဲ့သည်။ ISIS ၏ ခေါင်းဆောင်ဖြစ်သူ အဘူဘေကာ 
အယ်လ်ဘဂ္ဂဒက်ဒီက ယင်းအစ္စလာမ်မစ် နိုင်ငံတော်တွင် Caliphခေါ် ဘာသာရေးကို အခြေခံသည့် ခေါင်းဆောင်အ
ဖြစ်လည်း ခံယူခဲ့သည်။ Caliphate ခေါ် အစ္စလာမ်မစ် နိုင်ငံတော်တစ်ခု တည်ထောင်ရေးသည် ဂျီဟတ်ဝါဒီ စစ်သွေး
ကြွများ၏ နှစ်ရှည်လများ ရည်မှန်းချက်တစ်ရပ်လည်းဖြစ်ပြီး တင်းကျပ်သည့် အစ္စလာမ်မစ် စည်းမျဉ်းများဖြင့် နိုင်ငံကို 
အုပ်ချုပ်မည် ဖြစ်သည်။ လတ်တလောတွင် အီရတ်စစ်တပ်သည် ISISတို့ ထိန်းချုပ်ထားသည့် တီကရစ်မြို့ကို ထိုးဖောက်
 တိုက်စစ်ဆင်ရန် ကြိုးစားနေသော်လည်း အောင်မြင်မှု မရဘဲ ရုန်းကန်နေရဆဲ ဖြစ်သည်။
        စစ်သွေးကြွများသည် တီကရစ်ကို ဇွန်လ(၁၁)ရက်နေ့ ကတည်းက သိမ်းပိုက်ထားပြီး အီရတ်၏ အနောက်ပိုင်းနှင့်
 မြောက်ပိုင်း ဒေသများကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။ ISIS တို့သည် အသံသွင်းဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်
တင်ပြီး ၎င်းတို့၏ နိုင်ငံထူထောင်မှု စီမံကိန်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစ္စလာမ်မစ် နိုင်ငံတော်သည် ဆီးရီး
ယား မြောက်ပိုင်းရှိ အေလက်ပိုမြို့မှ အီရတ်အရှေ့ပိုင်းရှိ ဒီယာလာထိ ကျယ်ပြန့်မည်ဟု ဆိုသည်။ အဆိုပါ အသံသွင်း 
ကြေညာချက်တွင် မွတ်ဆလင်တိုင်းက အစ္စလာမ်မစ် နိုင်ငံတော်ကို သစ္စာခံရန် တိုက်တွန်းထားပြီး ဒီမိုကရေစီစနစ် အပါ
အဝင် အနောက်နိုင်ငံများ၏ အမှိုက်သရိုက်များကို စွန့်ပယ်ရန်လည်း ဆော်ဩထားသည်။လတ်တလောတွင် အီရတ်အစိုး
ရသည် ရုရှားနိုင်ငံမှ တစ်ပတ်ရစ် တိုက်လေယာဉ်များကို စတင်လက်ခံ ရရှိနေပြီး ISISတို့အပေါ် လေကြောင်းမှ စစ်ဆင်
ရေးများ အရှိန်မြှင့်တင်နိုင်ရန် မျှော်လင့်နေသည်။ ဇွန်လ(၂၉)ရက်နေ့တွင် အစိုးရ စစ်တပ်၏ ဂျက်တိုက်လေယာဉ်များသည် 
တီကရစ်မြို့ရှိ စစ်သွေးကြွများ ခိုအောင်းနေရာ ခံတပ်နေရာများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်းလည်း 
သိရှိရသည်။

_Ref: BBC

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More