Monday, June 9, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် လျှပ်စစ်လွှတ်ကာ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်



            မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် လျှပ်စစ်လွှတ်ရန် စီစဉ်ထားကြောင်း 
စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။၂၀၀၈ ခုနှစ်က စတင်
တည်ဆောက်ခဲ့ပြီး မြေပြင်ထိစပ်မှု ၁၆၈ မိုင်အထိရှိသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်
 ခြံစည်းရိုးခတ်မှု လုပ်ငန်းစဉ်များမှာ သုံးပုံနှစ်ပုံခန့်သာ အပြီးသတ်နိုင်သေးကြောင်း သိရသည်။
၎င်းအပြင် မောင်တောဒေသတွင် ၂၀၁၅ ရောက်မှသာ လျှပ်စစ်မီး အပြည့်အ၀ရရှိမည် ဖြစ်သည့်အတွက်
 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်လျှောက် လျှပ်စစ်လွှတ်မှု လုပ်ငန်းစဉ်မှာ နှစ်အနည်းငယ်
 ကြာမြင့်နိုင်ကြောင်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
                    စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူက “ကျွန်တော်တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် 
နယ်စပ်ခြံစည်းရိုးကို လျှပ်စစ်လွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ အားနည်းချက်ဖြစ်နေတဲ့ 
လျှပ်စစ်မီး အပြည့်အ၀ မရရှိသေးတာကြောင့် နည်းနည်းတော့ အချိန်ကြာမြင့်နိုင်တာပေါ့။ ရှိပါတယ်။ စီစဉ်
ထားပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
          ယင်းကဲ့သို့ နယ်စပ်ခြံစည်းရိုးကို အဆင့်မြှင့်တင်ကာ လုံခြုံရေးဆောင်ရွက်ရန် စီစဉ်ထားခြင်းမှာ ခိုး
သွားလာမှု များပြားခြင်းနှင့် နယ်စပ်ပြဿနာများ ဖြစ်ပေါ်လာခြင်းကို ဖြေရှင်းနိုင်ရန်အတွက်ဖြစ်ကြောင်း 
သိရသည်။ လက်ရှိတွင် နယ်စပ်ခြံစည်းရိုး ပျက်စီးမှုများမှာ တစ်နှစ်လျှင် အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွား
နေပြီး တောဆင်းရိုင်းများနှင့် လူများ ခိုးဝင်သွားလာမှုများကြောင့် ဖြစ်ကြောင်း၊ လတ်တလော ယင်းပြဿနာ
များကို ဖြေရှင်းနိုင်ရန် ဌာနပေါင်းစုံမှ လုံခြုံရေးဆောင်ရွက်မှုများဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်မှု လုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်
ရွက်ခြင်းဖြစ်ပြီး ဘီလျံ ၆၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ RSO လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်မှု
ကြောင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်နေသည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တစ်ဦးမှာ ဖြစ်စဉ်
နေရာအတွင်း သေဆုံးခဲ့ပြီး သုံးဦးမှာ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်အထိ မည်သည့်အကြောင်းကြားမှု တစ်
စုံတစ်ရာ မရရှိသေးကြောင်း သိရသည်
- Eleven

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More