Tuesday, June 10, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်း စည်းအဝေးကျင်းပ



            
နေပြည်တော်၊ ဇွန် ၁၀
         မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်
မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် နေပြည်တော်ရှိံ
 Horizon Lake View Resort တွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာ
ကွယ်ရေးဦးစီးချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
 ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး
ဌာနနှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း(၂၅)ဦး တက်ရောက် ခဲ့ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်း
ဆောင်များမှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။
          အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ရှိ တရားမ၀င်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒုစရိုက် သမားများအား နှိမ်နင်းရေး
အတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အလံတင်အစည်းအဝေးများ၏ ဆွေးနွေးချက်များအား
 အလေးထားဖော်ဆောင်ရေး၊ စိတ်ကြွရူးသွပ် ဆေးပြားများ၊ အရက် အစရှိသော မူးယစ်ဆေးဝါးများ မှောင်ခိုကူးသန်းရောင်းဝယ်မှု 
တားဆီးကာကွယ်ရေး၊ အဆင့်ဆင့်သော ကွပ်ကဲရေးမှူးများ တိုက်ရိုက်ဆက်သွယ်မှုစနစ်ထူထောင်ရေးနှင့် ယုံကြည်မှုတည်ဆောက်
ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး ညနေ ၅ နာရီ ၄၅ မိနစ်အချိန် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
Ref: ရဲဇာနည်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More