Thursday, June 19, 2014

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း


          နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ 
၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ သမ္မတ၏ အကြံပေးအဖွဲ့အဖြစ် ယခင်က နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့
သုံးဖွဲ့ထားရှိရာမှ ယခုအမိန့်စာအရ အကြံပေးအဖွဲ့ သုံးဖွဲ့ ထပ်မံ တိုးချဲ့ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထပ်မံတိုးချဲ့ 
ဖွဲ့စည်း ခန့်အပ်လိုက်သော အဖွဲ့များမှာ သာသနာရေးအကြံပေးအဖွဲ့၊ ကျန်းမာရေးအကြံပေးအဖွဲ့၊ ပညာရေးအကြံ
ပေးအဖွဲ့တို့ဖြစ်သည်။
           သာသနာရေးအကြံပေးအဖွဲ့တွင် ယခင် သာသနာရေးပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သူရ
ဦးမြင့်မောင်အား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အငြိမ်းစား သံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံ
စေတီတော် ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးစိန်ဝင်းအောင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း
 တာဝန်ပေးခန့်အပ်ထားသည်။
         ထို့အပြင် ကျန်းမာရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာအား ခန့်အပ်သည်။
 ပညာရေးအကြံပေးအဖွဲ့တွင် ယူနီဆက်မှ အငြိမ်းစားဝန်ထမ်းဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်အား အဖွဲ့ခေါင်းဆောင်
အဖြစ်လည်းကောင်း၊ သမ္မတ၏ အမျိုးသားစီးပွားရေးနှင့်  လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ
ကျော်ရင်လှိုင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ခဲ့သည်။
        မူလက ဖွဲ့စည်းထားပြီးဖြစ်သော စီးပွားရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင်ထွဋ်ဦး
ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းခန့်အပ်ထားသည်။ သမ္မတသက်တမ်းသုံးနှစ်နှင့် တစ်လကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်
သော သမ္မတဦးသိန်းစိန်တွင် အထက်ပါအကြံပေးအဖွဲ့များအပြင် သမ္မတ၏ အမျိုးသား စီးပွားရေး၊ လူမှုရေးအကြံပေး
ကောင်စီလည်း ရှိသည်။

_Ref:  7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More