Thursday, June 19, 2014

ကြည်လင်းကို အမှုဖွင့်သည့် မိန်းကလေးမှာ ၎င်း၏ချစ်သူဟု ကြည်လင်းဆို


          မိန်းကလေးတစ်ဦး၏ အမှုဖွင့်ခံထားရသည့် လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အဆိုပါ မိန်းက
လေးသည် ၎င်း၏ချစ်သူဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ၀န်ခံဖြေရှင်းထားသည်။‘‘ကျွန်တော်နဲ့သူနဲ့က 
ချစ်သူတွေပါ။ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှုလွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် 
ကျွန်တော်ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်’’ ဟု ကြည်လင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၈ ရက် 
ည ၁၂ နာရီဝန်းကျင်က ရေးသားခဲ့ခြင်း ဖြစ်သည်။
      မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းကွင်းလယ် ကစားသမားကြည်လင်းသည် ဇွန်လ ၇ 
ရက်က အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး 
သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်
ကြားခဲ့သည်။
          ‘‘လောလောဆယ်တော့ အမှုပဲဖွင့်ထားတုန်းဆိုတော့ ချစ်သူရည်းစားတွေလားဆိုတာတော့ သေချာ မသိရသေးဘူး။
 သက်ဆိုင်ရာ ဌာနဘက်တွေလည်း အကြောင်းကြားထားတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းက စွပ်စွဲခံထားရတဲ့ အခြေ
အနေဆိုတော့ အသေးစိတ်ပြောလို့ မရသေးဘူး’’ ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ယင်းအမှုအား ကမာရွတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်း
မှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားသည်။

_Ref; 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More