Tuesday, June 10, 2014

ပီနန်ဆရာတော်ကြီးနှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိ

 ပီနန်ဆရာတော်ကြီးနှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းတိုက်တွင် 
လုံခြုံရေးရဲတပ်ဖွဲ့နှင့် အမည်နာမပြောကြားခြင်းမရှိသော အခြားလုံခြုံရေးဟုဆိုသော အဖွဲ့များက ဝိုင်းရံထားပြီ 
မီဒီယာများအား သတင်းယူခွင့် ပိတ်ပင်ထားသည်။ သိရှိရသော သတင်းများအရ ကျောင်းတိုက်အတွင်ရှိ ပီနန်
ဆရာတော်ကြီး၏ တပည့်သံဃာအချို့နှင့် ဒါယိကာအချို့ သီတင်းသုံးနေထိုင်လျက်ရှိပြီး ယခုလုပ်ရပ်မှာ အဆိုပါ
 သံဃာတော်များနှင့်ဒါယိကာများအား ဖိအားပေးဖယ်ရှားရန်ကြိုးပမ်းခြင်း ဖြစ်နိုင်ကြောင်း ယူဆရသည်။
          ဝင်ခွင့် ပိတ်ဆီးတားမြစ်ထားသော ကျောင်းတိုက်အတွင်း အကြမ်းဖက်မှုတစုံတရာမရှိကြောင်း ရဲမှူးကြီး
သက်လွင်က အတည်ပြုပြေကြားသည်။သို့ရာတွင် သတင်းရယူခွင့်မရရှိကြသဖြင့် ဖြစ်ရပ်မှန်အား တိကျသေခြာစွာ 
မသိရဘဲ အခြေအနေရှုပ်ထွေးလျက်ရှိသည်။မဟာသန္တိသုခကျောင်းတိုက်၏ မူလပိုင်ရှင်မှာ ပီနန်ဆရာတော်ကြီးဖြစ်
ကြောင်း၊ ဆရာတော်ကြီးပြည်ပထွက် သာသနာပြုနေစဉ် ဗိုလ်ချုပ်မှူးကြီးခင်ညွှန့်လက်ထက်က မဟနသို့ လွှဲပေးခဲ့
ကြောင်း၊ ကျောင်းတော်ကြီးအား မူလ ရည်ရွယ်ချက်မှ သွေဖီ၍ ရုပ်ရှင်ရိုတ်ကွင်းအဖြစ် ငှားရမ်းခြင်းအပါအဝင် သာ
သနာပ ကိစ္စရပ်များ လုပ်ဆောင်လျက်ရှိကြောင်း သတင်းဖော်ပြချက်များရှိခဲ့သည်

(စောင့်ကြည့်သတင်းဂျာနယ်)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More