Monday, June 16, 2014

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၌ ဆော်ဒီလူမျိုးတစ်ဦးမှ နှစ်သုံးရာသက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး


       ဇွန် ၁၁၊ ဗုဒ္ဓဟူးနေ့က ဆော်ဒီလူမျိုးတစ်ယောက်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၊ဆန်စို-ဂျီဗုဒ္ဓဘာသာ
ဘုရားကျောင်းရှိနှစ်ပေါင်း ၃၀၀ သက်တမ်းရှိသောရှေးဟောင်းဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသွားခဲ့သည်။
ဆန်စို-ဂျီ ဘုရားကျောင်းသည် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်ပြီး တိုကျို၊ တိုင်တို၊ အဆာကူဆာ၌ တည်ရှိ
သည်။ ၎င်းဘုရားကျောင်းသည် တိုကျိုမြို့တော်၌ တည်ရှိသော ဘုရားကျောင်းများအနက် ရှေးအကျဆုံးဖြစ်ပြီး
 တိုကျိုမြို့၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။အဆိုပါ ဆော်ဒီနိုင်ငံသားအား တိုကျိုရဲဌာနမှ ဖမ်းဆီးထားပြီး 
၎င်းလုပ်ရပ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို စစ်ဆေးလျက်ရှိသည်။

မျိုးမင်းသက်
shwemyanmarmediagroup

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More