Thursday, June 26, 2014

ဗြိတိန်မီဒီယာများက ဆွာရက်ဇ်ကို ပစ်မှတ်ထား ထိုးနှက်နေကြောင်း ဥရုဂွေး အသင်းခေါင်းဆောင် ဝေဖန်



         ဗြိတိန်မီဒီယာများသည် မိမိ၏ အသင်းဖော် လူးဝစ်ဆွာရက်ဇ်အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား
 တိုက်ခိုက်နေကြောင်း ဥရုဂွေး အသင်းခေါင်းဆောင် ဒီယေဂို လျူဂါနိုက ဝေဖန် ပြောကြားခဲ့သည်။ အီတလီ
ကို အနိုင်ရသည့် ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား ဂျော်ဂျီယို ချီလီယေနီကို ဆွာရက်ဇ်က ကိုက်ခဲ့သည့် ကိစ္စ
အပေါ် ဗြိတိန်မီဒီယာများက ပြင်းပြင်းထန်ထန် ရှုတ်ချရေးသားခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း
 ဆွာရက်ဇ်ကို စွဲချက်တင် စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ ဆွာရက်ဇ်အနေဖြင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်
 လီဗာပူးလ်တွင် ကစားနေစဉ် ကတည်းက ဗြိတိန်မီဒီယာများ၏ ပစ်မှတ်သဖွယ် ဖြစ်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်
လည်း ဆွာရက်ဇ်မှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံနေရခြင်းဟု လျူဂါနိုက သုံးသပ်ခဲ့သည်။
             “ဗြိတိန်မီဒီယာတွေက ဆွာရက်ဇ်ကို ဘယ်လိုသဘောထားတယ် ဆိုတာကို အားလုံးအသိပဲ။ အင်္ဂလန်
မှာတော့ ဒီအကြောင်းတွေ ရေးထားပြီး သတင်းစာတွေ ရောင်းကောင်းလိမ့်မယ်။ ဒီနေရာမှာတော့ ဒါမျိုးမရဘူး”ဟ
ု လျူဂါနိုက BBCသို့ ပြောကြားခဲ့သည်။ “ဗြိတိန်မှာ သတင်းသမား တစ်ယောက်က ဆွာရက်ဇ်အကြောင်းကို ဘာ
ကြောင့် အလေးထား ပြောဆိုနေချင်သလဲ ကျွန်တော်မသိဘူး။ ဗြိတိန်မီဒီယာ လောကမှာ ဒီအကြောင်းက ရေပန်း
စားနေလို့များလား။ တခြားအကြောင်းပြချက်လည်း ရှာမတွေ့တော့ဘူးလေ”ဟုလည်း လျူဂါနိုက ဆိုသည်။
၎င်းက ချီလီယေနီကို ဆွာရက်ဇ်က သွားဖြင့်ကိုက်ခဲ့သည်ဟု အခိုင်အမာ သက်သေပြစရာ မရှိကြောင်းလည်း ပြော
ကြားခဲ့သည်။ “ဓာတ်ပုံတွေမှာ ပြထားတာကို ကြည့်လေ။ ထင်ယောင်ထင်မှား ပုံစံမျိုးကလွဲပြီး အရေးပါတဲ့ ကောက်
နုတ်ချက်မျိုး ရယူနိုင်တာ မရှိဘူး”ဟုလည်း လျူဂါနိုက မှတ်ချက်ပြုခဲ့သည်။
           FIFA သည် ဆွာရက်ဇ်၏ ကိစ္စကို စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးကြားနာမှု ပြုလုပ်သွားမည်ဟု ကြေညာ
ထားပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် (၂)နှစ်ထိ ပွဲပယ်နိုင်ခွင့် ရှိနေကြောင်း သိရသည်။

_Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More