Thursday, June 12, 2014

မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း



              သမ္မတဦးသိန်းစိန်လက်  ထက်တွင်  ပထမဆုံးအကြိမ်အ ဖြစ်  အခြားနိုင်ငံသားခံယူထား သည့် 
မြန်မာလူမျိုးနှစ်ယောက်ကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်
ဦးစီးဌာနမှ  သတင်းရရှိသည်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်  အခြားနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်
ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် 
ယခု လို ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား အမည်ပျက်စာရင်း
သွင်းခဲ့ခြင်းဖြစ်သည်။
           မြန်မာနိုင်ငံတွင်မွေးဖွားပြီး အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန် နိုင်ငံ
သားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ပြေးဆွဲနေသော   နိုင်ငံတကာလေကြောင်း
လိုင်းများတွင် တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်း
ထုတ်ပြန်သည်။‘‘အခုမှ အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့
 မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့ ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့
သည့်လက ဗီဇာသက်တမ်းလွန် နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန် အကြောင်းကြား
ခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်သည်။
           ‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ  လက်ရှိငြိမ်း
ချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်
လုံးပွင့်ပွင့်  လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု ဘန်ကောက်မြို့သို့ရောက်ရှိနေ
သည့်  မိုးသီးဇွန်ကအွန်လိုင်းမှ တစ်ဆင့်ပြောကြားသည်။
            ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်
ထားခဲ့သော် လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန် ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း 
မည်သည့်အချိန်တွင်  ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း မိုးသီးဇွန်ကပြောသည်။
 ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်
အဖြစ် အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။
           သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ  ခြောက်ထောင်ကျော်အနက် 
နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။

7Daily News Daily 

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More