Monday, June 16, 2014

မိမိသမ္မတဖြစ်အောင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို



       မိမိသမ္မတဖြစ်အောင် နိုင်ငံတကာအနေဖြင့် အကူအ ညီပေးရန်ဒေါ်အောင်ဆန်းစုကြည်က
တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် သီတင်းပတ်က 
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မ တနေရာယှဉ်ပြိုင်ခြင်းမှ ထိထိ ရောက်ရောက် ပိတ်ပင်ထားသော 
အခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင် ဆင်ခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော်အခြေခံ ဥပဒေပြင် 
ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ကော်မတီအ တွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လို 
သော မဲကပိုများပြီး မပြင်ရန်ဆုံး ဖြတ်ခဲ့သည်။ ယင်းမဲခွဲမှုတွင် မ ပြင်လိုသောမဲ ၂၆မဲရှိပြီး ငါးမဲသာ
 ပြင်ရန်မဲပေးခဲ့သည်ဟုကော်မတီ ၀င်အချို့ကို ကိုးကား၍ မီဒီယာ များကဖော်ပြသည်။
           ၂၀၀၈ ခုနှစ် အခြေခံဥပ ဒေတွင် ဇနီး၊ခင်ပွန်းနှင့် သား သမီး များ နိုင်ငံခြားသားများ ဖြစ်နေ
 သော မည်သူ့ကို မဆို နိုင်ငံကိုဦး ဆောင်ခြင်းမှ ပိတ်ပင်ထားသည်။နီပေါနိုင်ငံသို့ အလည်အ ပတ်ခရီး
တွင် မိမိအနေဖြင့် လွတ် လပ်၍တရားမျှတခြင်းသာမကဘဲ စစ်မှန်သော ဒီမိုကရက်တစ်ရွေး ကောက်ပွဲ
များတွင်ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များ အားပြော
ကြားသည်။မြန်မာနိုင်ငံ၏ အခြေခံဥပ ဒေကို ပြင်ဆင်ရေး ၎င်း၏ လှုပ်ရှား မှုကို ရှင်းလင်းပြောကြားရင်း
 မျှ တသောရွေး ကောက်ပွဲဆိုသည် မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ် ရကြောင်းပြောကြားသည်။
‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လက်ခံမှု ရရှိဖို့လို နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်
က ပြောသည်။‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံ က ဖြစ်ပေါ်တိုးတက်မှုတွေကို 
သ တိပြု နေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲ သွားအောင် လုပ်နေတဲ့လူတွေရှိ 
တယ်ဆိုတဲ့ အချက်ကိုလည်း သ တိပြုရပါမယ်’’ဟု နှစ်ပေါင်းများ စွာနေအိမ်အကျယ်ချုပ်မှနေ၍ ၂၀၁၀ခုနှစ် 
တွင်လွတ် မြောက်လာ သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
—Ref: AFP
Source-7 DAY

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More