Tuesday, June 24, 2014

အခမဲ့ cloud သိုလှောင်မှုပမာဏကို နှစ်ဆတိုးပေးခဲ့သည့် Microsoft

                  Microsoft သည် ကုမ္ပဏီ၏ အခမဲ့ cloud ဝန်ဆောင်မှုကို အသုံးပြုသူများ အတွက် 
သိုလှောင်မှု ပမာဏကို နှစ်ဆတိုးမြှင့်ပေးခဲ့ပြီး အခပေး Office 365 သုံးစွဲသူများအတွက်လည်း သို
လှောင်မှု ပမာဏ 1TB အထိ တိုးမြှင့်ပေးခဲ့သည်။   ထိုကဲ့သို့ အခမဲ့နှင့် အခပေး cloud ဝန်ဆောင်မှု
များအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခဲ့ခြင်းသည် ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက် ဖိုင်များ
၏ အရွယ်အစား ကြီးမားလာခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။   OneDrive cloud ဝန်ဆောင်မှုအ
တွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခြင်းသည် ဇူလိုင်လတွင် စတင် အသက်ဝင်မည်ဖြစ်သည်။ 
Microsoft သည် ယခင်က OneDrive အခမဲ့ဝန်ဆောင်မှု အတွက် 7GB သာ အထောက်အပံ့ပေးထား
ပြီး Office 365 သုံးစွဲသူများအတွက် 20GB သာ ခွဲဝေသတ်မှတ်ပေးထားသည်။ Office 365 Home 
ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူများသည် ၅ ဦးစာအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ
 ၉.၉၉ ကျသင့်မည် ဖြစ်သည်။ သို့သော်လည်း သိုလှောင်မှု ပမာဏ 1TB ကို တစ်ဦးချင်းစီတိုင်းက ရ
ရှိမည်ဖြစ်သည်။   ယခုအပြောင်းအလဲကြောင့် Microsoft သည် အခမဲ့ သိုလှောင်မှုပမာဏ 15GB 
ပေးထားသည့် Google Drive ဝန်ဆောင်မှုနှင့် တူညီသွားပြီ ဖြစ်သည်။ အခြားသော cloud ဝန်ဆောင်
မှုများတွင် Box က 10GB အခမဲ့ သိုလှောင်သိမ်းဆည်းခွင့်ပေးထားပြီး Dropbox တွင် 2GB အခမဲ့ သိမ်း
ဆည်းနိုင်သည်။   Microsoft OneDrive ဝန်ဆောင်မှုသည် လွန်ခဲ့သော ၂၆ လက SkyDrive အနေဖြင့် 
စတင်ခဲ့ခြင်း ဖြစ်သည်။ 
  Ref: myanmarinternet

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More