Monday, June 9, 2014

သူငယ်ချင်းထံ ပေးစာ

သို့
မိလုံး ( YCC ပါတီ)
ရန်ကုန်မြို့
မိလုံးရေ... 
စာမရေးဖြစ်တာလည်း ကြာပေါ့။
နင်နေကောင်းရဲ့လား၊ အလုပ်ရှုပ်နေမှာပေါ့နော်....လက်မှတ်လိုက်ထိုးနေရလို့လေ...။
နင်က ငါ့သူငယ်ချင်းဖြစ်နေတော့ ပုဂ္ဂိုလ်စွဲနဲ့ပဲ အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
ဒါနဲ့ပြောပြရဦးမယ်....
တလောက KNU က သမ္မတကြီး ဦးသိန်းစိန်ကို သမ္မတ ဆက်လုပ်ဖို့ တိုက်တွန်းလိုက်တယ်တဲ့။
နောက်ပြီး ဦးစုဆိုတဲ့ လူကြီးကလည်း ဒေါ်စုကို ဒဲ့ ၀င်ဖိုက်သတဲ့။ ဒီသတင်းတွေကြားတော့ နင်တို့ 
အတော်ခံစားလိုက်ရမယ်ဆိုတာကို ငါ ကိုယ်ချင်းစာမိပါတယ်။
စိုင်းစိုင်းလည်း တော်တော်ကြောက်သွားတယ်လို့ကြားတယ်.... ၀ိုင်းဆဲကြလို့တဲ့လေ... သူ့သတင်း
လေးကြားတော့ `` မဟုတ်ပါဘူး၊ မလုပ်ပါဘူး၊ မင်းထင်သလို မယုတ်မာဘူး´´ဆိုတဲ့ သီချင်းလေး
 နားထဲ ကြားယောင်မိသေးတယ်ဟာ...။
မိလုံးရေ... တစ်ခုမေးရဦးမယ်...
နင်တို့ပါတီမှာ နိုင်ငံတော်ဆိုတဲ့ စကားလုံး မသုံးရဘူးလား...
နောက်ပြီး နိုင်ငံတော်အလံကို လွှင့်ထူ ဂုဏ်ပြုလို့ မရဘူးလား... ငါမသိလို့မေးတာနော်... တစ်ခါမှ
 မတွေ့မိလို့ပါ။ ဖြေနိုင်ရင် ဖြေပေးပါလား...။
ဒါနဲ့ နင်တို့တွေ အခြေခံ ဥပဒေထဲက ပုဒ်မ ``၄၃၆´´ ကို ပုဒ်မ ``၇၈၆´´ နဲ့ အစားထိုးတော့မယ်ဆိုတဲ့ 
သတင်းတွေ ကြားနေရတယ်... တကယ်ပဲလားဟင်.... ပုဒ်မ ၇၈၆ ဆိုတာကရော ဘာကြီးလဲ...
သူငယ်ချင်းတစ်ယောက် အရက်မူးမူးနဲ့ ပြောသွားတာ ကြားမိတာပါဟာ... သေချာလည်း မသိပါဘူး။
လောလောဆယ်... ဘင်္ဂလားနယ်စပ်မှာတော့ နည်းနည်းလေး တင်းမာသွားတယ်...အခု အဆင်ပြေ
သွားပြီတဲ့လေ....။ အဆင်မပြေလည်း သိပ်တော့ မခက်လောက်ပါဘူး.. ဟုတ်တယ် မဟုတ်လား၊
ငါက ဘင်္ဂလားနဲ့ စစ်ဖြစ်ရင် နည်းနည်းတော့ စိတ်ညစ်မိတယ်... နင်တို့ပါတီထဲက မုတ်ဆိတ်တွေ 
ဘာလုပ်မလဲ... ငါတို့က ဘာပြန်လုပ်ရမလဲဆိုတာ မတွေးတတ်လို့ပါ။
တစ်ခါကလည်း ရန်ကုန်မှာ မြန်မာဘောလုံးအသင်းနဲ့ ဘင်္ဂလားဘောလုံးအသင်း ကစားတော့ ရန်ကုန်က
 ဘင်္ဂါလီတွေက ဘင်္ဂလားကို အားပေးကြတာတွေ့ရတယ်လေ..။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ထင်ပါရဲ့...။
အခု စစ်ဖြစ်တဲ့အခါ အဲသလို ထလုပ်ရင် ဒီကောင်တွေ အတွက် ရင်လေးမိလို့ပါ။
မိလုံးရေ... တစ်ခုမှာမယ်နော်...
ဒေါ်စုကို ဖိုက်တဲ့ ဦးစုကိုလည်း မဆဲနဲ့....
သမ္မတကြီးကို ထောက်ခံတဲ့ KNU ကိုလည်း သူများတွေဆဲရင် ဆဲပါစေ နင်သွားမဆဲနဲ့.....
ဒေါ်စုနဲ့ မင်းကိုနိုင် ရခိုင်သွားဖြစ်ရင်လည်း နင်လိုက်မသွားနဲ့...
နင်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးစစ်စစ်.... ဘယ်တော့မှ မမေ့နဲ့ကြားလား...
ဒါနဲ့ ပြောရဦးမယ် မိလုံးရေ... ငါနိုင်ငံရေးတွေ စိတ်စင်စားနေတုန်း ငါ့သမီးလေး ဆယ်တန်းကျသွားတယ်..
. နောက်နှစ်မှာတော့ ငါနိုင်ငံရေးတွေအစား ငါ့သမီးလေးကိုပဲ ဂရုစိုက်တော့မယ်ဟာ....
ပညာတတ်မှ လူရာဝင်မှာ.... မိဘဖြစ်တဲ့ ငါက လစ်လျူ ရှုထားမိတော့ ငါ့သမီးလေး စာမေးပွဲ ကျသွားတယ်...
 ခက်နေတာက ကျောင်းသားက ကျောင်းစာကို စိတ်မ၀င်စားပဲ.. ငါ့ရဲ့ အလုပ်ဖြစ်တဲ့ အရည်မရအဖတ်မရ နိုင်ငံ
ရေးကို သူစိတ်ဝင်စားလို့လေ...။
ဒါပေမယ့်သူက ကျောင်းစာသာမရတာ.... စစ်အစိုးရမကောင်းကြောင်းတော့ အရွယ်နဲ့ မလိုက်အောင် ပြော
တတ်တယ်ဗျာ...... နင်နဲ့ တူလို့လားတော့ မပြောတတ်ပါဘူး... ဟဲဟဲ
ဒီပုံအတိုင်းဆို ငါ့သမီးလေး အသက် ၅၀ကျော်တဲ့အထိ ဘွဲ့မရတဲ့ အလုပ်လက်မဲ့ ကျောင်းသား ဖြစ်သွား
နိုင်တယ်... ဂရုစိုက်ရမယ်...
နင်လည်း ရွာရောက်ရင် ငါ့သမီးကို နင်ကိုယ်တိုင် မသိတဲ့ အရည်မရ အဖတ်မရ နိုင်ငံရေးတွေ ပြင်ဆင်ရေးတွေ 
လာမပြောနဲ့တော့ဟာ... ငါစိတ်ညစ်လာပြီ.... ဒီလိုပြောရတာ အားလည်း နာပါတယ်။
ဒါပေမယ့် ငါ့သမီးလေးကို ငါစာမေးပွဲအောင်ပြီး လူရာဝင်စေချင်လို့ပါ...
ဒါပါပဲ-
နင့်ကို သတိရနေတဲ့....
(ကွန်ဆူးမား)(၇-၆-၂၀၁၄)
( YTYY) လူမှုကွန်ယက်.

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More