Monday, May 26, 2014

ဇွန်လ ၇ ရက်နေ့တွင် ရခိုင်ပြည်စစ်တွေမြို့၌ NLD နှင့် ၈၈ ( ငြိမ်း / ပွင့်)တို့ ပူးပေါင်းလာရောက် ဟောပြောမည်



             အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈ ( ငြိမ်း / ပွင့် ) အဖွဲ့တို့ ပူးပေါင်းပြီးရခိုင်ပြည်ဘက်ကို ခြေဦးလှည့်လာကြ
မည်ဟု သိရှိရသည် ။အကြောင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲကို ရခိုင်ပြည်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေ
သကြီး ၉ ခုတွင် သွားရောက်ဟောပြောကြမည်ဖြစ်သည် ။
              အဆိုပါ ဟောပြောပွဲများကို မေလ၂၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ ၊ မေလ ၃၁ ရက်နေ့တွင် ချင်းပြည်
နယ် ဟားခါးမြို့ ၊ ဇွန်လ ၇ ရက်နေ့တွင်ရခိုင်ပြည် စစ်တွေမြို့ ၊ ဇွန်လ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ၊ ဇွန်လ ၁၀ရက်
နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ဇွန်လ ၁၄ ရက်နေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ ၊ ဇွန်လ ၁၅ ရက်နေ့တွင်ရှမ်းပြည်နယ် 
တောင်ကြီးမြို့နှင့် ဇွန်လ၁၆ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့တို့တွင် သွားရောက်ဟောပြောကြမည်ဖြစ်ကြောင်း NLD 
မှ သတင်းထုတ်ပြန်ကြေညာထားသည် ။
 R.N.G News မှ 

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More