Thursday, May 15, 2014

ရာဇာမင်းယာဉ်လိုင်း နေပြည်တော်-ရန်ကုန် ပြေးဆွဲခွင့်ပိတ်



 7daydaily Thursday 2014-05-15
               အမြန်လမ်းတွင် လူ ၁၄ ဦး သေဆုံးစေခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် ရာဇာမင်း 
ခရီးသည်တင်ယာဉ်လိုင်းကို နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်
ရေးအဖွဲ့က ရန်ကုန်-နေပြည်တော်- ရန်ကုန် ပြေးဆွဲခွင့်ကို ယနေ့မှစ၍ ပိတ်သိမ်းလိုက်ကြောင်း
 နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်သည်။
           မဆင်မခြင်မောင်းနှင်ခြင်း နှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာသယ်ယူ
ပို့ဆောင်ရေး စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် အဆိုပါယာဉ်လိုင်းကို ပိတ်သိမ်းခဲ့ခြင်းဖြစ်
သည်ဟု ယင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
          ရာဇာမင်းယာဉ်လိုင်းသို့ ယင်းကိစ္စနှင့်ပတ်သက်၍ မေလ ၁၄ ရက် ညက ဆက်သွယ်မေးမြန်းရာ 
အထက်ပါကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ဘက်မှ အတည်မပြုနိုင်သေးဘဲ ခရီးစဉ်လက်မှတ်များကို မေလကုန်
အထိ ကြိုတင်ရောင်းချထားကြောင်း ရာဇာမင်း အောင်မင်္ဂလာအဝေးပြေးဂိတ်မှ လက်မှတ်ရောင်းစာရေး
တစ်ဦးက ဖြေကြားသည်။
       ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်လိုင်းပိတ်သိမ်းခြင်းကို ယခင်က တစ်ကြိမ်မှမကြားဖူးဘဲ ထိုသတင်း
မှန်ပါက ၎င်းတို့ယာဉ်လိုင်းသည် ပထမဆုံး ဖြစ်နိုင်ကြောင်း ရာဇာမင်းအဝေးပြေးယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ 
ကိုအေးမင်းထွန်းက ပြောသည်။
           မေလ ၁၂ ရက် ညနေ ၆ နာရီက မြို့မဈေးကားဂိတ်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီး
သည်တင်ယာဉ်သည် နေပြည်တော်အထွက် တိုးဂိတ်အနီး မိုင်တိုင်အမှတ် ၁၉၇/၆ ကို တိုက်ကာ ဝက်လက်မီး
ရထားခုံးကျော်တံတားထိပ်ကို ထပ်မံတိုက်ပြီး တံတားအောက်သို့ ပြုတ်ကျခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ခရီး
သည် ၁၄ ဦး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။
         ပြီးခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း နေပြည်တော်မှ ရန်ကုန်သို့ ထွက်လာသော တောင်ပြာတန်း မှန်လုံခရီး
သည်တင်ယာဉ်သည် ဆလွန်းယာဉ်ကို ကျော်တက်နေစဉ် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ယာဉ်
နှစ်စီးလုံး တရွတ်တိုက်ပါသွားကာ ဆလွန်းယာဉ်ပေါ်သို့ ခရီးသည်တင်မှန်လုံယာဉ် ပိကျ၍ မီးလောင်ခဲ့သည်။ 
ယင်းဖြစ်စဉ်ကြောင့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် ဆလွန်းကားပေါ်မှ စုစုပေါင်း ခရီးသည် ၁၃ ဦး 
သေဆုံးခဲ့သည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More