Saturday, May 17, 2014

ရခိုင်ပြည်နယ်စပ်တွင် တရက်တည်းတွင်တိုက်ပွဲနှစ်ပွဲဖြစ်ပွား မြန်မာ ဘက်မှ သုံးဦးကျဆုံး


Saturday, May 17, 2014
            ယနေ့ ၁၇၊၅၊၂၀၁၄ ရခိုင်ပြည် မောင်တောမြို့နယ် ဗန္ဓုလအပိုင် နယ်ခြားမိုင်တိုင် ၅၄ အနီး ကုလား
ဆိုးသောင်းကျန်းသူ RSO နှင့် မြန်မာ ဘူးသီးတောင်တပ်ရင်း ၃၅၃ တို့ နှစ်ဘက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား
ကြောင်း မြန်မာဘက်မှ ဒု ရဲအုပ် တယောက်ကျဆုံးကြောင်း နယ်စပ်လုံခြုံရေး တာဝန်ခံ အမည်မဖေါ်လိုသူ 
တဦးမှ လေးဝတီကို ယခု ကဲ့သို့ ပြောကြားသည်။
           “ဒီနေ့မနက် ၉ နာရီလောက်မှာ ကုလားတွေဖက်က စပစ်တာပါ ၁၁ နာရီခွဲထိ အချိန် ၂ နာခွဲ ကြာထိ 
နှစ်ဖက် ပစ်ကြပါတယ် နှစ်ဖက် လက်နက်ကြီးတွေ သုံးကြပါတယ် ’’ ဟုဆိုသည်။ ဆက်၍ သူက “ ကျနော်တို့
ဖက်က ဒုရဲအုပ်တယောက် ကျဆုံးသွားပါတယ် ’’ လို့ အတည်ပြု ပြောကြားသည်။
         လွန်ခဲ့သော ၁၃ ရက်နေ့က တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံး မရှိကြောင်း မြန်မာအစိုးရမှ တရားဝင်ပြော
ကြားသည်။ ယင်းနောက် မေ ၁၅ ရက်နေ့ မိုင်တိုင်အမှတ် ၄၀ အနီး GE တပ်မှ တပ်သား ၂ ယောက်နှင့် အရပ်သား
တဦးတို့အား ကုလားဆိုး အဖွဲ့မှ ဖမ်းဆီးသွားကြောင်း နယ်စပ် ခိုင်လုံသော သတင်းရပ်ကွက် မှ သိရသည်။ လွန်ခဲ့
သော ၂၀၁၁ ခုကလည်း GE တပ်ဖွဲ့ဝင် ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားရာ ၂၀၁၄ ခု ဖေ့ဘုတ် စာမျက်နှာများတွင်
 အဆိုပါ ဖမ်းဆီးခံရသူ၏ ဓါတ်ပုံများ တက်လာရာမှ အစိုးရမှ ဟုတ်မှန်ကြောင်းဝန်ခံခဲ့သည်။
              တရက်တည်းတွင် အဆိုပါ အကြမ်းဘက် ကုလားများ ၃ နာရီခွဲ အကြာ ဒုတိယအကြိမ် မြန်မာနိုင်ငံ 
နယ်ခြား စောင့် အဖွဲ့ ၂ အသစ်ရဲတပ်ဖွဲ့ ၀င်များ နေထိုင်ရာ နယ်ခြားမိုင်တိုင် အမှတ် ၅၃ ဗန္ဓုလ နတ်ရေကန် ကင်းစ
ခမ်းကို ၀င်ရောက်ပစ်ခတ်ရာ တပ်ဖွဲ့ဝင် အသစ် ၂ ဦး ပွဲချင်းပြီး ကျဆုံးကြောင်း ဌာနချုပ်နှင့် နီးစပ်သူတဦးမှ အတည်
ပြု၍ ယခုကဲ့ ပြောကြားသည်။
           ‘ ဒီနေ့ နေ့လည် ၁ နာရီကနေ ၃ နာရီထိ ကုလားဆိုးတွေ ပြန်လာပြီးပစ်တယ် ရဲဘော်သစ် ၂ ယောက် ကျ
သွားတယ် အလောင်းတွေကို ဌာနချုပ်ကို ယူလာပါတယ်’ တရက်တည်းတွင် တိုက်ပွဲ ၂ ပွဲ ဖြစ်ပွားကြောင်း နှင့် ယခု
အခါ နောက်တန်း တပ်အင်အားကို အထူးဖြည့်ဆီးထါးကြောင်းလည်း ၄င်းမှ ပြောကြားသည်။
              လေးဝတီမှ မြန်မာအာဏာ ပိုင်များထံ ဆက်သွယ်ရာ ပြောပိုင်ခွင့် မရှိကြောင်းဖုန်းချသွားသည်။ လွန်ခဲ့
သည့် ၁၃ ရက်နေ့ မှစ၍ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား ဒေသခံများ အထူးစိုးရိမ်နေကြောင်း နှင့် ဘင်္ဂလာဒေခ်ျ့
နိုင်ငံ အာဏါပိုင်များက ယခုကဲ့သို့ လက်နက်ကြီးများ ကိုင်ဆောင်သော အကြမ်းဘက် သောင်းကျန်းသူ RSO တပ်ဖွဲ့ဝင်
များ မရှိကြောင်း တရားဝင် ငြင်းဆိုပြီး မြန်မာဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို ဘင်္ဂလာ နယ်နိမိတ် အတွင်းကျ
ရောက်၍ မကြေနပ်ကြောင်း သတင်းစာများတွင် ဖေါ်ပြထားကြောင်း သိရပါသည်။
ခိုင်ဥက္ကာပျံ (လေးဝတီ လွတ်လပ်သောရခိုင်သတင်းဌာန)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More