Monday, May 5, 2014

မြန်မာနှင့် ထိုင်းတွင် ငလျင် ပြင်းထန်စွာ လှုပ်ခတ်


ဧရာဝတီ
            ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာပြည်တို့ကို ပြင်းထန်သော ငလျင်တခု ယနေ့ တနင်္လာနေ့
 ညနေပိုင်းတွင် ရိုက်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ငလျင်တိုင်းထွာတွက်ချက်မှုအရ ထိုင်း
မြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင်အရပ်ရှိ မဲလောင်ဒေသအနီးတွင် ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်း
ထန်ကြောင်း သိရသည်။ ချင်းရိုင်မြို့တွင် လမ်းနှင့် အဆောက်အဦများ ကွဲအက်မှု ရှိကြောင်း သတင်းရရှိ
သည်။ ပျက်စီးဆုံးရှုံးမှု မည်မျှရှိကြောင်း လတ်တလော မသိရသေးပေ။ လှုပ်ခတ်မှုမှာ ဝေးလံသော ရန်ကုန်မြို့
ထိပါ ခံစားရပြီး မြို့လည် ဆာကူရာကဲ့သို့ တိုက်မြင့်များမှ လူများ ကြောက်လန့်ပြီး ဆင်းပြေးခဲ့ကြကြောင်း 
သိရသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More