Monday, May 19, 2014

မောင်တောနယ်စပ်က ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရချိန် ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တပ်သားနှစ်ဦး ပြန်လည်တွေ့ရှိ

 

            ရခိုင်ပြည် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင်၅၂ အနီး ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရပြီး 
ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မနေ့ကပြန်လည်တွေ့ရှိကြောင်း တိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ်
နွေဦးမောင်က ပြောပါတယ် ။ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရတဲ့ မြန်မာရဲအဖွဲ့ဟာ နယ်ခြားမှတ်တိုင် ၅၂နဲ့၅၃ကင်းစခန်းကဖြစ်ကြပြီး 
အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း ၇ ဦးဖြစ်ပါတယ် ။
            တိုက်ပွဲမှာ ၄ ဦးကျဆုံး အရာရှိတစ်ဦး ဒဏ်ရာရရှိပြီး ၂ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်ဒါပေမယ့် ပျောက်ဆုံးနေတဲ့ 
နှစ်ယောက်ကိုတော့ မနေ့ကပဲ ကောင်းမွန်စွာပြန်လည်တွေ့ရှိခဲ့ကြောင်း ဒါ့အပြင် ကျဆုံးသွားတဲ့ အလောင်းအောက်မှာ မိုင်း
ထောင်ထားတာတွေ့ရှိရကြောင်း မိုင်းရှင်းလင်းပြီးမှ သယ်ယူခဲ့ရကြောင်းကို မောင်တောဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ဒုရဲအုပ်
နွေဦးမောင်က ပြောပါတယ် ။"" ပျောက်သွားတဲ့နှစ်ယောက်ကိုပြန်တွေ့ပါပြီ ။ သူတို့လည်းနောက်ဆုတ်တယ် အောက်ဘက်အထိ 
ဆုတ်သွားနိုင်လို့ ပြန်တွေ့တာပေါ့ဗျာ ။ ၅၃ စခန်းက နှစ်ယောက်ပါခင်ဗျ ။ ကျဆုံးသွားတဲ့၎ ယောက်အလောင်းကတော့ ပြန်
ကောက်ခဲ့ကြတယ် ။ အလောင်းတွေအောက်မှာ အဲဒီကောင်တွေက မိုင်းထောင်ခဲ့ကြတယ် ။ စစ်တပ်က်မိုင်းရှင်းလင်းပြီးမှ
အလောင်းတွေကို ပြန်သယ်ယူခဲ့ရတယ်လို့ သိရတယ်ဗျ ။ ""
            တစ်ဘက်က ခြုံခိုနေရာယူထားကြတဲ့အဖွဲ့ဟာ လူအင်အား ၆၀ လောက်ရှိ
တဲ့ မုဆလင် သွေးစည်းညီညွတ်ရေးအဖွဲ့လို့ အမည်တပ်ထားတဲ့ RSO သောင်းကျန်းသူတွေဖြစ်နိုင်တယ်လို့ ဒုရဲအုပ်
 နွေဦးမောင်က RFA ကို ပြောပါတယ် ။
From // RFA News

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More