Thursday, May 29, 2014

ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်



ရန်ကုန်၊ မေ ၂၇
                 သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ
 ဥပဒေမူကြမ်းတွင်ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်
ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်
ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရသိရသည်။
                     အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်)
 အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေ
ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း 
ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။
             “ဥပဒေကြမ်း ရောက်လာတာနဲ့ ကော်မတီထဲမှာ ချက်ချင်း ဆွေးနွေးဖြစ်မှာပါ။ ပြည်သူအများ စိတ်ဝင်စားနေတဲ့ ဥပဒေဖြစ်
တာမို့ လွှတ်တော်ထဲကို အမြန်ဆုံး ပို့မှာပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ 
ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပို
သော ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားသည်။
               အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်း လိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး မိမိကိုးကွယ်ရာ 
ဘာသာမှ အခြားဘာသာသို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ် မဟုတ်ကို စိစစ်ပြီးနောက် ကိုးကွယ်ရာ ဘာသာကူး
ပြောင်ခြင်း ဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။
               ထို့အပြင် ဘာသာကူးပြောင်း လိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီး
နောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ မှတ်ပုံတင်ကို ထုတ်ပေးမည်
 ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။
                အဆိုပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်စရာ မရှိကြောင်း 
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဦးဆောင် ဆရာတော် မန္တလေးတိုင်းဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ
က မိန့်ကြားသည်။“မိန်းကလေးတွေအတွက် အသက် ၂၀ ပြည့်ပြီးမှ ဘာသာကူးပြောင်းခွင့် ပေးရမည် ဆိုတာနဲ့ တစ်အိမ်သားလုံး 
ဘာသာကူးပြောင်းတာကို ထည့်သွင်း ဖြည့်စွက်စေချင်တယ်” ဟု ၎င်းကမိန့်ဆိုသည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး
အဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာ
ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦး
ရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစား ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ 
သဝဏ်လွှာ ပေးပို့ခဲ့သည်။
                ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁၀ ကကန့်
ကွက်ကြောင်း အမျိုးသမီး အဖွဲ့အစည်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မေလ ၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More