Sunday, May 18, 2014

မောင်တောနယ်စပ်နယ်ခြားစောင့်တပ် ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်စဉ်အား ရှင်းလင်းချက်များ



             17 . 5 . 2014 နံနက် ၉ နာရီကျော်လောက်တွင် လှည့်ကင်းဆောင်ရွက်နေကြသော မြန်မာနယ်ခြား
စောင့်တပ်အားတစ်ဘက်နိုင်ငံမှ အမည်မသိ အကြမ်းဖက်အဖွဲ့က လှည့်ကင်းအဖွဲ့အား ခြုံခိုတိုက်ခိုက်ရန် အသင့်
စောင့်နေကြကြောင်းနှင့်သတ်ကွင်းအတွင်း အငိုက်မိခံလိုက်ရခြင်းသာဖြစ်ကြောင်း ဗိုလ်ကြီးတစ်ဦးက ရှင်းလင်းပြော
ကြားခဲ့သည် ။
               "" ဖြစ်စဉ်အရဆိုရင် ကျွန်တော်တို့လှည့်ကင်းနဲ့ ဒုရဲအုပ် နွေဦးမောင်တို့အဖွဲ့နဲ့က တော်တော်အလှမ်းဝေး
တယ်လို့ ဆိုရမှာပါ ။ မိုင်တိုင် ( ၅၁ / ၅၂ ) အကြားလို့ဆိုပေမယ့် တစ်ဖက်မှာတိုက်ပွဲဖြစ်လို့သေနပ်ပစ်ဖေါက်တဲ့အသံ
ကိုတောင် သေချာမကြားရသလိုမျိုးပါဘဲ ။ဒုတိယအချီ ( ခြုံခိုတိုက်ခိုက်ခံရတဲ့လှည့်ကင်းအဖွဲ့ နောက်ဆုတ်အပြေးမှာ)
ဒရစပ်ပစ်တဲ့အသံကို သဲသဲကွဲကွဲကြားရတော့မှ ကျွန်တော်တို့တပ်စိတ်က တပ်ကူချီတက်ခဲ့ကြတာပါ ။ ဖြစ်ပုံကတော့ 
သူတို့က ခြုံခိုနေရာယူပြီးသားဖြစ်နေတော့ ဒီဘက်ကလှည့်ကင်းသမားတွေထောင်ချောက်ထဲ ရောက်သွားရတာပါ ။
အဓိကကတော့ လုံခြုံရေးအင်အား အားနည်းချက်ရှိတာနဲ့ အများကြီးသက်ဆိုင်နေပါတယ် ။ တစ်နေရာနဲ့တစ်နေရာ
တစ်ခုခုအရေးကြုံလာရင် သွားကူရမှာအလှမ်းဝေးမှုတွေက လုံခြုံရေးအင်အားရဲ့ ကွာဟချက်တွေပါဘဲ ။ ဒုရဲအုပ် နွေဦး
မောင်တို့ဘက်က ခုခံတိုက်ခိုက်ဖို့ နေနေသာသာ အဲဒီနေရာမှာ ကွင်းပြင်ကြီး ဖြစ်နေတော့တာလေ ။ သူတို့က အဲဒီနေရာ
ကို ရွေးပြီးတော့မှခြုံခိုနေခဲ့ကြတာပါ ။ကျွန်တော်တို့ တပ်ကူရောက်လာတော့ ဒုရဲအုပ် နွေဦးမောင် ဒဏ်ရာနဲ့တွေ့ပါတယ် ။
 ရန်သူရှိတဲ့နေရာကို လိုက်တော့ခါ လမ်းကြောင်းမှာ သေနပ်ဒဏ်ရာနဲ့သေနေတဲ့ တပ်သားအလောင်းတွေကိုတွေ့ရှိရတယ် ။
 ဒီနေရာမှာ ကွင်းဆက်ပြတ်သွားတာက ရန်သူတွေဟာတစ်ဖက်နိုင်ငံထဲ ဝင်ပြေးသွားတာပါဘဲ ။ အဲဒီနေရာဟာ တစ်ဖက်
နိုင်ငံရဲ့ နယ်ခြားစောင့်တပ်နဲ့လည်း ကင်းကွာနေတဲ့နေရာပါဘဲ။
              တပ်သားအလောင်း ၄ လောင်းရဲ့ပုံစံက သာမန်မဟုတ်တော့ဘူး ။ ပက်လင်လှန်ထားပြီး အောက်ကျောမှာ မိုင်း
တပ်ထားတဲ့ အလောင်းတစ်လောင်ရယ်ဘေးတစ်ဇောင်းဖြစ်နေတဲ့အောက်ကမိုင်းဆင်တပ်ထားတဲ့ အလောင်းတစ်လောင်
ရယ်ပေါ့ ပထမမိုင်းရှင်းလင်းရေးအဖွဲ့ရဲ့ ပြောစကားပါ ။ ကျွန်တော်တို့အနေနဲ့ သတိရှိကြဖို့ အရေးတကြီးလိုအပ်နေပါပြီ ။
 ဒီကောင်တွေက ဒုတိယ အဆင့်ကိုတောင် လှမ်းခဲ့ကြပြီလေ ။ 
                ကျွန်တော်ဝမ်းနည်းတာကတော့ကျွန်တော့နဲ့မလှမ်းမကမ်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လုံထိန်းရဲတွေကို
မကယ်တင်လိုက်နိုင်တာကို ယူကျုံးမရဖြစ်နေပါတယ် ။ ကျွန်တော်တို့ကို လုံခြုံရေးအင်အား လုံလောက်အောင် ချပေးခဲ့ရင် 
အနောက်တံတိုင်းကြီး လုံခြုံမှုရရှိလာမှာပါ ။

နန်းတွင်းမိညို
အင်တာဗျူးသတင်း

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More