Saturday, May 10, 2014

မလေးရှား တရားမဝင်နေထိုင်သူများကို ရှင်းလင်းမည်



           May 11. 2014 နေ့ လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင် အဖွဲ့စည်းအားလုံးက
 ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း) ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများအားလုံးကို တိုင်းပြည်လုံး ပိုက်စိပ်
တိုက်ရှာဖွေတော့မည် ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြသွား
ခဲ့ပါသည် ။
         ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊ ရဲ ၊ စစ်တပ် ၊ 
ရေလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့စည်းအားလုံး ပူးပေါင်းရှာဖွေမည့် အင်အား
 ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသားထားခဲ့သည် ။
          ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ်ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ 
ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင်အလုပ်သမားများရှိသည့် သတ်မှတ်နေရာများကို
 အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထားပါသည်။ဖမ်းဆီးရမိသူများအားလုံးကို မည်သည့်ရဲစခန်းသို့မှ
 ပို့မည်မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင်နေထိုင်သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့တိုက်ရိုက်ပို့
သွားမည်ဖြစ်ကြောင်းကို လည်းလဝကအရာရှိ Datuk Alias Ahmad ကပြောကြားသွားသည်။
          ထို့အပြင် တရားမဝင်အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေ
အရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင်းရေးသားထားသည်။ယခုစီမံချက်အတွက် တရား
ဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက်လုံလောက်သော အထောက်အထားများကို သူဌေးများမှ 
ထုတ်ပေးထားရန် ယနေ့တရားဝင် ကြော်ငြာထားပြီးဖြစ်သည်ဟု ဖော်ပြထားသည် ။
          ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက်မဆောင်ရွက်သော
 သူများအားလုံးကို အဓိကထားရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင်ဆောင်ရွက်မှု့မျိုးမှ ပေးမည်မဟုတ်
ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသောအေးဂျင်းများမှ အဓိကတာဝန်ယူရမည့်အကြောင်းကို ဖော်ပြထားသည် ။
အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်
စာတမ်းမပြည့်စုံသူများဖြစ်ကြောင်း တွေ့ရှိရပြီးဖြစ်ကြောင်း ။ ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရားဝင်ပါမစ်များထုတ်
ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေးကြောင်း ။
ယခု မလေးရှားအစိုးရမှ အခွင့်အရေးအပြည့်ပေးထားပြီးဖြစ်ကြောင်း ။ ယခု အချိန်သည် 6P စီမံချက်၏ enforcement 
ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ ဝင်ရောင်လာသော အင်ဒိုနီးရှားနိုင်ငံသား
များမှာ အိုဗားတေးနေထိုင်မှု အထူးများပြားကြောင်း ။
         ထပ်မံပြီးတရားမဝင်နေထိုင်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေကြောင်း ။
ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့်အဝ ပြင်
ဆင်ပြီးဖြစ်ကြောင်း နှင့် .. လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင်နေထိုင်သူများ ရုတ်တရက် ပျောက်ကွယ်သွားရ
မည်ဖြစ်ကြောင်း ကို..။ တရားမဝင်နေထိုင်သူများအားလုံး ပုန်းနေခဲ့တာကြာပြီ မည်မျှဆက်လက်ပုန်းအောင်းနိုင်မည်ကို
 စောင့်ကြည့်စေလိုကြောင်း ။
            ၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှတရားမဝင်နေထိုင်သူများအားလုံး 
ပျောက်ကွယ်ရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဖြစ်သည့်အကြောင်း ..တရားမဝင်နေထိုင်သူများအတွက် ကာ
ကွယ်ပေးသူ ၊ အကူညီပေးသူများအားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံးသတ်မှတ်ထား
သည့်အတွက် မည်သူမျှ ကာကွယ်မပေးစေလိုကြောင်းကို ...။
          အလုပ်ရှင်များအားလုံးသိစေရန်မှာ အခွင့်အရေးပေးထားပြီးသည့်အတွက် မည်သည့် တရားမဝင်အလုပ်သမားကိုမှ 
ဆက်လက်မထားတော့ရန် အချိန်ရောက်ပြီဖြစ်ကြောင်းကို .လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေး
ရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။

Ref : မလေးရှားရောက် မြန်မာများ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More