Saturday, May 31, 2014

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တင်းမာမှုကြောင့် နှစ်ဖက်စလုံးမှ စစ်ရေးပြင်ဆင်မှုများပြုလုပ်ထားသော်လည်း ယနေ့အခြေအနေမှာ တည်ငြိမ်နေ



မောင်တော၊ မေ (၃၁) ရက်၊ ညနေ(၇း၃၀)နာရီ
            ယမန်နေ့ ညနေ(၄)နာရီကျော်က သေဆုံးသွားသည့် RSO အလောင်းကို လွှဲပြောင်းပေးချိန်တွင်
 မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကြားဝင်ပစ်ခတ်မှုကြောင့် နှစ်ဖက်ပစ်
ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်ထားသော်လည်း ယနေ့မေလ (၃၁) 
ရက်နေ့ နယ်စပ်အခြေအနေမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေကြောင်း နယ်စပ်ဒေသအနီးနေ ဒေသခံ
များက ပြောကြားသည်။ 
           သို့သော်လည်း တဖက်နယ်စပ်တွင် တင့်ကားများ၊ စစ်တပ်အင်အားများ နယ်စပ်သို့ ရောက်ရှိနေပြီး 
ကာပါကျင်းတူးခြင်းများကိုလည်းပြုလုပ်ထားကြောင်း အလားတူ မြန်မာဖက်မှလည်း စစ်တပ်အင်အားများကို
 နယ်စပ်သို့ အားဖြည့်ထားကြောင်း သိရသည်။
Western Gate Guard

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More