Saturday, May 31, 2014

ဒဂုံဆိပ်ကမ်း (၆၇)ရပ်ကွက်မှ ကျူးကျော်များကို ဖယ်ရှားစဉ် ရုန်းရင်းဆန်ခတ်ဖြစ်


Saturday, May 31, 2014 7daydaily
             ကြက်၊ ဘဲ ဈေးတည် ဆောက်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇)ရပ်ကွက်ရှိ ကျူးကျော်များ ဖယ်ရှားစဉ် 
ကျူးဖယ်ရှားရန် ခေါ် ယူထားသူများက အနုကြမ်းစီး သောကြောင့် နှစ်ဖက်အပြန်အလှန် ရုန်းရင်းဆန်ခတ်ဖြစ်
ပွားခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၃၀ ရက် နံနက် ၄ နာရီက ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး
မှူးအဖွဲ့၊ မြို့နယ်စည်ပင်နှင့် ရဲတပ်ဖွဲ့တို့က ကြက်၊ ဘဲဈေးတည်ဆောက်ရန် (၆၇)ရပ်ကွက် အပိုင်း (၄)ရှိ ကျူး
ကျော်နေအိမ်အလုံး ၂၀ ကို ဖယ်ရှားခဲ့သည်။ ကျူးကျော်များဖယ်ရှားရန် အာဏာပိုင်များခေါ်ယူထားသူများက
 နေအိမ်များဖယ်ရှားစဉ် နေအိမ်အချို့ရှိ သေတ္တာများကိုရိုက်ဖျက်၍ ရွှေထည်၊ ပိုက်ဆံနှင့် အိမ်သုံးပစ္စည်းများ ယူ
ဆောင်သွားကြောင်း နေအိမ် ဖယ်ရှားခံရသူများက ပြောကြားသည်။
                ထိုသို့ ယူဆောင်သွားသော ကြောင့် ဖယ်ရှားခံကျူးကျော်များ က ရပ်ကွက်ထံအကူအညီတောင်း ခံရာ
 ရပ်ကွက်ပြည်သူများနှင့် ကျူးဖယ်ရှားသူများ နှစ်ဖက်အပြန်အလှန်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းဖြစ်သည်။ရုန်းရင်း
ဆန်ခတ်မှုကြောင့် အာဏာပိုင်များဘက်မှ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကားလေးစီးပျက် စီးကာ ကျူးကျော်များဘက်မှ 
တစ်ဦးဒဏ်ရာရရှိခဲ့သည်။
               အာဏာပိုင်များခေါ်ယူထား သည့် ဦးထုပ်အဝါရောင်ဆောင်း ထားသော ကျူးဖယ်ရှားသူများ သည် 
မကြည်ကြည်ဌေးအိမ်မှ သေတ္တာသော့ကို ရိုက်ဖျက်၍ ကျပ်ခြောက်သိန်းခွဲတန် ဟန်းချိန်း နှင့် ငွေကျပ်နှစ်သိန်း၊
 ဦးဇော်ဝင်း ၏ နေအိမ်မှ ကျပ် ၃၈၀,၀၀၀ နှင့် အခြားနေအိမ်များမှ အိမ်သုံး ပစ္စည်းများလည်း ယူဆောင်သွား ကြောင်း 
ဖယ်ရှားခံ ကျူးကျော် များက ပြောသည်။
                  (၆၇)ရပ်ကွက် ပြည်သူများ နှင့် ကျူးကျော်ဖယ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေချိန် ကျူးဖယ်ရှား
သူများက လေးခွဖြင့်ပစ်မှုကြောင့် (၁၇)နှစ် အရွယ် အမျိုးသမီး တစ်ဦးကို နှစ်ချက်ထိမှန်ကာ ဒဏ်ရာရရှိ၍ သင်္ဃန်းကျွန်း
ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ ကျူးဖယ်ရှားသူ များသည် မကြည်ကြည်ဌေး၏နေ အိမ်ကို မီးရှို့ခဲ့ရာ (၆၇ရပ်
ကွက် ပြည်သူများက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ နေအိမ်အား မီးစပစ်သွားသည်ကို (၆၇)ရပ်ကွက် ရာအိမ်
မှူး ကိုတင်ဆန်းက မျက်မြင်တွေ့ရှိခဲ့ကြောင်း ပြောကြားသည်။
                ကျူးဖယ်ရှားသူများ သေတ္တာသော့ရိုက်ဖျက်ခဲ့သည့် သေတ္တာနှင့် နေအိမ်မီးရှို့ခဲ့သည့် အပိုင်းအစများကို 
ဖယ်ရှားခံကျူးကျော်များက လာရောက်သတင်းယူသော မီဒီယာများကို ပြသသည်။ ‘‘မနက် ၄ နာရီလောက်မှာ လာပြီးနေ
အိမ်တွေကို ချက်ချင်းဖျက်ပေးပါလို့ပြောတယ်။ ပြောနေတုန်းမှာပဲ သူတို့က ဝင်ဖျက်တယ်။ ကျွန်မက ကလေးတွေကို 
တခြားနေရာသွားပို့နေတုန်းမှာ သေတ္တာကို ဖျက်ကြတယ်။ သေတ္တာထဲက ပိုက်ဆံနှစ်သိန်းနဲ့ ဟန်းချိန်းတစ်ခုပါသွားတယ်။
 ကျွန်မတို့မှာ တံငါလုပ်စားနေကြတာပါ။ အိမ်မှာ ဒါလေးပဲရှိတာပါ’’ ဟု (၆၇)ရပ်ကွက် ၎င်း၏ ဖယ်ရှားခံမြေနေရာတွင် နှစ်
 ၄၀ ကြာနေ ထိုင်လာသော ကလေးသုံးဦး၏ မိခင် မကြည်ကြည်ဌေးက ပြောသည်။
                    ‘‘ကျွန်တော့် သမီးဆိုရင် ဘယ်မှာ တစ်ချက်၊ ညာဘက် လက်မှာတစ်ချက် လေးခွနဲ့အပစ် ခံရတယ်။ အခု
ဆေးရုံမှာရောက်နေတယ်။ ဖျက်ဆီးတဲ့သူတွေက ကျွန်တော်တို့အိမ်က ပစ္စည်းတွေ ရော ယူသွားတယ်’’ဟု လေးခွဖြင့် အ
ပစ်ခံရမှုကြောင့် ဆေးရုံတွင် ဆေးကုသနေသော မိန်းကလေး ၏ ဖခင်က ပြောသည်။
                (၆၇)ရပ်ကွက် ပြည်သူများ သည် ကျူးဖယ်ရှားသောသူများ ထဲမှ ၁၆ ဦးကို ဖမ်းဆီးထားပြီး ရပ်ကွက်အုပ်ချုပ်
ရေးမှူးရုံးသို့ ပို့ဆောင်ထားရာ မြို့နယ်ဒုအထွေ ထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးထွေး က လာရောက်ခေါ်ဆောင်သွား သည်ဟု 
ရာအိမ်မှူး ကိုတင်ဆန်း က ပြောသည်။
              ‘‘ပစ္စည်းတွေ ယူသွားတယ် ဆိုတာ  မဖြစ်နိုင်ပါဘူး။  အဲဒီ လောက် ပိုက်ဆံရှိနေရင် ကျူးထဲ မှာ မနေပါဘူး။ အမျိုး
သမီးတစ် ဦး ဒဏ်ရာရတာက ရဲစခန်းကို မေးရမှာပါ။ ကျွန်တော်တို့ဘက် မှာလည်း ဒဏ်ရာရတဲ့သူတွေရှိ ပါတယ်။ တာဝန်ရှိ
တဲ့သူတွေဖမ်း ထားတာ သူတို့တောင် အရေးယူ လို့ရပါတယ်’’ဟု ဒဂုံဆိပ်ကမ်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး
 ဦးကျော်နိုင်ထွန်းက ပြောသည်။ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အတွင်း ကျူးကျော်များ ထောင်နှင့်ချီ၍ရှိရာ ထိုကျူး
ကျော် များကို ဖယ်ရှားရန်အစီအစဉ်မရှိ သေးကြောင်း ၎င်းက ပြောသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More