Wednesday, May 14, 2014

ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတ ဦးဆောင်စုံစမ်းစစ်ဆေး



2014-05-14  နေပြည်တော်
            ခရီးသည် ၁၄ ဦး သေဆုံးခဲ့သော ရာဇာမင်း ခရီးသည်ယာဉ် အမြန်လမ်းပေါ်မှ တိမ်းမှောက်ထိုးကျခဲ့သော
 ဖြစ်စဉ်ကို ဒုတိယသမ္မတဦးဉာဏ်ထွန်း ကိုယ်တိုင် ဦးဆောင်စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။ဒုတိယ
သမ္မတသည် ပြည်ထဲရေးဝန်ကြီးဌာန၌ အမြန်လမ်း ယာဉ်မတော်တဆမှုများနှင့် သက်ဆိုင်သော ၀န်ကြီးဌာနများမှ
 ပြည်ထောင်စုဝန်ကြီးများနှင့် မေလ ၁၃ ရက် မွန်းလွဲပိုင်းက အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
            အခင်းဖြစ်ပွားရာ နေရာသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုလည်း 
လာရောက် ကြည့်ရှုကာ ယာဉ်မောင်းသည် ဂိတ်မှမထွက်မီ မည်သည့်နေရာတွင် စားသောက်ခဲ့ကြောင်း စုံစမ်းရန် ညွှန်
ကြားသည်။ယာဉ်မောင်းသည် အရက်သောက်ထားခြင်းမရှိကြောင်း သွေးဖောက်စစ်ဆေးမှုကို ကိုးကားပြီး ရဲမှူးကြီးနေ
ဝင်းကပြောသည်။ မိုးသည်းထန်စွာ ရွာနေသည့် အချိန်တွင် မောင်းသင့်သည့် မြန်နှုန်းထက် ပိုမောင်းခြင်း၊ ၀ိုက်ဗာက
 မိုးရေကို ကောင်းစွာ မခွဲနိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
            ယခုတိမ်းမှောက်သောယာဉ်၏ ပိုင်ရှင်သည် ရန်ကုန်မြို့မှ ဦးကိုကိုထွေးဖြစ်ပြီး လက်ရှိတွင်   ထိုင်းနိုင်ငံ၌ ရောက်
နေကြောင်း ယာဉ်တာဝန်ခံ ဦးအေးမင်းထွန်းကပြောသည်။ထို့အပြင် အဆိုပါယာဉ်သည် ဖြစ်ပွားသည့် နေ့တွင်ပင် ရန်ကုန်မှ
 နေပြည်တော်သို့ ခရီးသည်တင်ဆောင်ထွက်ခွာလာရာ နေပြည်တော် အဝေးပြေးကားကြီးဝင်းသို့ မွန်းလွဲ ၂ နာရီတွင် 
ရောက်ရှိခဲ့သည်။ ထိုနောက် နေပြည်တော်မှ ရန်ကုန်သို့ ပြန်ထွက်စဉ် ထိုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီလိုတစ်ရက် နှစ်ခေါက်ဆွဲတဲ့လိုင်းက မရှိသလောက်ပါ ပဲ’’ဟု နေပြည်တော်  မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက
ပြောသည်။ယာဉ်သည် လမ်းဘေးကျ ကာ တံတားလက်ရန်းနှင့် အကာ များကို ဆက်လက်တိုက်မိပြီး အမြင့်ပေ ၅၀ ခန့်ရှိ 
ရထားသံ လမ်း ခုံးကျော်တံတားအောက်သို့ ထိုးကျသွားကာ ပေ ၁၂၀ ခန့်အကွာတွင် ဖင်ထောင်ကျသွားခြင်းဖြစ်ကြောင်း 
သိရသည်။‘‘ဘာကြောင့် ဖြစ်သလဲဆိုတော့ မိုးက သဲသဲမဲမဲ ရွာနေတယ်။ ကီလိုရှစ်ဆယ်လောက် မောင်းလို့ရတဲ့ကားက ၄၀
 လောက်ပဲ မောင်းလို့ရတဲ့ အနေအထား ဖြစ်တယ်။ မောင်းလာတဲ့နှုန်းက ကန့်သတ်ကီလိုထက် မကျော်သော်လည်းပဲ နည်း
နည်းလေးတော့ ၇၀/၈၀ လောက် မောင်းလာပုံရတယ်။ ၀ိုက်ဗာကလည်း ကောင်းကောင်းရေမခွဲနိုင်တဲ့ပုံ ဖြစ်မယ်လို့ ယူဆ
တယ်’’ ဟု ရဲမှူးကြီး နေ၀င်းက ရှင်းလင်းပြောကြားသည်။
           ဖြစ်စဉ်တွင် စပယ်ယာတစ်ဦးအပါအ၀င် လူ ၁၄ ဦး သေဆုံးခဲ့ ကြောင်း၊ ၂၉ ဦး ဒဏ်ရာရှိကာ နှစ်ဦး၊ သုံးဦးခန့် အနည်း
ငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတင်းရရှိသည်။ဖြစ်စဉ်တွင် ယာဉ်မောင်းသူမှာ ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်
ရကြောင်း ၎င်းကို ခုတင်  ၁၀၀၀ ဆေးရုံ၌ ခြေချုပ်ဖြင့် ဆေးကုသလျက်ရှိနေပြီး ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ စသည့် ပုဒ်မများ
ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးကြီးနေ၀င်းက ပြောကြားသည်။
           ထို့အပြင် အသက်ဆုံးရှုံးခဲ့သော ခရီးသည်များအတွက် အာမခံ၊ နစ်နာကြေးများနှင့်ပတ်သက်၍ ညှိနှိုင်းခဲ့ကြောင်း သိရသည်။
‘‘တစ်ယောက်ကို သိန်း ၆၀ လောက် ရလိမ့်မယ်’’ ဟု ဦးဝင်းဆွေက ညှိနှိုင်းမှု၏ ရလဒ်ကို ပြောကြားသည်။သေဆုံးသူများအတွက် 
ထိခိုက်ဒဏ်ရာရရှိမှု အာမခံ ကျပ်ငါးသိန်း၊ ယာဉ်လက်မှတ်ဝယ်ယူရာတွင် ပေးဆောင်ရသော အာမခံကြေး ၃၀၀ ကျပ် အတွက် သိန်း
 ၃၀၊ အဆိုပါယာဉ်သည် ဧရာမြန်မာအာမခံလုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိသောကြောင့် တစ်ဦးလျှင် ကျပ်ဆယ်သိန်းစီ ရရှိ
မည်ဖြစ်သည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More