Monday, May 19, 2014

ရန်ကုန် တွင်ရေလျှံ



 Monday, May 19, 2014 7daydaily
                ရန်ကုန်မြို့တွင် မေလ ၁၈ ရက်ညနေက မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ 
ရှိနေရာအချို့၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။ နွေကာလက ယခုနှစ်မိုး တွင်း
တွင် ရေကြီးရေလျှံမှုများ မဖြစ် ပေါ်စေရန် အစိုးရက ငွေကျပ် ဘီ လီယံ ၂၀ ကျော်အသုံးပြု၍ နိုင်ငံ တော်
အဆင့် ပြုလုပ်နေပြီဟုဆို သော်လည်း မြို့နယ်အများစု တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် နေဆဲဖြစ်ကြောင်း
 ရေကြီးရေလျှံ ခြင်းခံရသည့် မြို့နယ်များတွင်နေထိုင်သူများကဆိုသည်။
               ‘‘ရေတွေလျှံလာတော့ ကား တွေလည်း လမ်းကြောင်းပိတ်ကုန် တယ်။ ကားတွေဖြည်းဖြည်းချင်း
 မောင်းနေရတယ်။ မီးပွိုင့်တွေ လည်း အလုပ်မလုပ်တော့ဘူး’’ ဟု ရေကြီးရေလျှံမှုကြောင့် ယာဉ် ကြောများပိတ်
ဆို့သွားပုံကို စမ်း ချောင်းမြို့နယ်မှ အငှားယာဉ် မောင်းဖြစ်သူ ကိုရဲကိုလွင်က 7 Day Daily အား ပြောသည်။
အထူးသဖြင့် ရန်ကုန်မြို့ လယ် ဆူးလေစေတီ ပတ်လမ်း သမိုင်းလမ်းဆုံ စီးတီးမတ်အနီး၊ ယုဇန ပလာဇာရှေ့ရှိ 
သမိန်ဗရမ်း လမ်းမပေါ်၊ တာမွေလမ်းဆုံ၊ ကမ်းနားလမ်းတစ်လျှောက်၊ ဗဟို လမ်းမကြီးတစ်လျှောက် ဝေဇယ န္တာလမ်း၊ 
ရန်ကုန်-အင်းစိန်လမ်းမ ကြီးစသည့်နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
          ယခုနှစ်မေလတတိယပတ် တွင် အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ၀င်ရောက်လာပြီ ဖြစ်သောကြောင့်
 ရန်ကုန်အပါအ ၀င် မြစ်ဝကျွန်းပေါ်နှင့်တောင်ပိုင်း ဒေသများ မိုးကောင်းစွာ ဆက် လက်ရွာသွန်းဖွယ်ရှိကြောင်း မိုး လေဝ
သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။
        ပြီးခဲ့သည့်နှစ်က ရန်ကုန်တွင်ရေကြီးရေလျှံနစ်မြုပ်မှုများဖြစ် ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော် သမ္မတက အထူးအရေး
ကြီးစီမံ ကိန်းအဖြစ် သတ်မှတ်၍ ယခုနှစ် မှစတင်ကာ မိုးမကျမီအပြီးသတ်ဆောင်ရွက်ရန်စီမံ ထားခဲ့သည်။ပို့ဆောင်ဆက်
သွယ်ရေး နှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒုတိယ၀န်ကြီး သုံးဦးခေါင်းဆောင်သည့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသ ကြီး
ရှိ မြို့နယ်များတွင် ရေ စီးရေလာကောင်းမွန်ရန် ထိန်း သိမ်းရေးကော်မတီတစ်ရပ်ကို အရေးပေါ်ဖွဲ့စည်းခဲ့ပြီး ဆောင် ရွက်ခဲ့
သော်လည်း မေလ ၁၈ ရက်ညနေက ရွာသွန်းသောအခါယခင်နှစ်များ ကဲ့သို့ပင် ရေကြီးရေ လျှံနေသည်ကို တွေ့ရသည်။
‘‘ဈေးအကောက်ကောက်ဖို့ ဆိုလာတယ်။ အခုမြောင်းတွေ ရေမလျှံအောင် လုပ်ပေးမယ်လို့ ပြောတဲ့ စည်ပင်ဘယ်ရောက်နေ
 လဲမသိဘူး။ တစ်မြို့လုံးလည်း အမှိုက်တွေ မျောနေပြီ’’ဟု လှည်း တန်းလမ်းဆုံတွင် ရောင်းချနေ သည့် လမ်းဘေးဈေးသည်
တစ်ဦး ကဝေဖန်ပြောဆိုသည်။
           မြောက်ဥက္ကလာပမြို့နယ်ရှိ သုဓမ္မာ လမ်းမကြီးပေါ်တွင်လည်းကုန် စုံဆိုင်ငယ်အချို့မြောင်းရေလျှံမှုကြောင့် ရေများဆိုင်
အတွင်းဝင်ရောက်လာသဖြင့် ရေခပ်ထုတ်နေရကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။ထို့အပြင်ရွှေဂုံတိုင်လမ်းဆုံ သို့ မရောက်မီ
 ယုဇနဟိုတယ်အ နီးတွင်လည်း အိမ်စီးကားနှင့် ဘတ်စ်ကားများပါ လမ်းမရေ ကျော်မှုကြောင့် အချိန်ကြာမြင့်စွာ မောင်းနှင်နေရ
သဖြင့် လိုရာခရီး မရောက်ကြောင်း ယင်းနေရာသို့ ရောက်ရှိခဲ့သည့် ကုမ္ပဏီဝန်ထမ်း မမျိုးမြတ်စိုးကပြောသည်။
          ရေကြီးရေလျှံမှုတွင် အဆိုး ဆုံးအနေဖြင့် ကွန်ကရစ်လမ်း အသစ်များ ခင်းလိုက်သဖြင့် နေ အိမ်ထက်လမ်းမှာ ပိုမိုမြင့်မား 
သွားသောကြောင့် လူနေဆိုင် ခန်းများအတွင်းသို့ ရေများမှာ ဒူးခေါင်းကျော်သည်အထိ ၀င် ရောက်လာကြောင်း ကျောက် မြောင်း
(ခ) ရပ်ကွက်တွင် စား သောက်ဆိုင်ဖွင့်လှစ်ထားသူ တစ် ဦးကပြောသည်။
          ‘‘ကျွန်တော့်ဆိုင်ထဲကို ရေ တွေဝင်တာ ဒူးခေါင်းကျော်တယ်။ လမ်းထဲက အင်တာနက်ဆိုင် တွေ၊ အထည်ဆိုင်တွေ၊ ဘီယာ 
ဆိုင်တွေ အကုန်ရေ၀င်တာ အင် တာနက်ဆိုင်က ကွန်ပျူတာတွေ ဆို ရေတွေဝင်ကုန်ပြီ။ သုံးလို့ တောင်ရပါ့မလားမသိတော့ဘူး။ 
မိုးတိတ်သွားတာတောင် ရေက ပြန်မကျသေးဘူး’’ဟု ၎င်းကဆို သည်။
           ထို့အပြင် စမ်းချောင်းမြို့ နယ်မကြီးကြီးလမ်းရှိ ကန်ထရိုက် တိုက်ခန်းအချို့ရှိ အ၀ီစိတွင်းများ သို့လည်း ရေဆိုးများ ၀င်
ရောက် သဖြင့် ညတွင်းချင်းပြန်လည် စုပ်ထုတ်မှုများ ပြုလုပ်နေရ ကြောင်း စမ်းချောင်းမြို့နယ် မုန့် လက်ဆောင်းကုန်းရပ်ကွက်
 အုပ် ချုပ်ရေးမှူး ဦးမြင့်ဟန်စိုးက ပြော သည်။‘‘လူတွေ စားသောက်နေရင်း နဲ့ ရေတွေဝင်လာလို့ အမြန်ဆိုင် ပိတ်လိုက်ရတယ်။
 အခုရေကျ သွားတော့ တစ်ဆိုင်လုံးလည်းဗွက် တွေချည်းပဲ’’ဟု စမ်းချောင်းမြို့ နယ် မကြီးကြီးလမ်းရှိ မြန်ကောင်းသက်သာ
တရုတ်စား သောက်ဆိုင်ပိုင်ရှင်က ပြောသည်။


       

 

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More