ကောင်မလေးရယ်.....
ကိုယ့်အတွက် ကွက်လပ်မရှိတဲ့ မင်းရင်ခွင်ကို တမ်းတရင်း
လရောင်အောက်မှာ ထွက်ထိုင်နေမိတယ်
ဒါပေမဲ့...ကြယ်မစုံတဲ့ညပါကွယ်။
ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းမှာ မင်းစိုးမိုးနေပေမဲ့
မင်းရဲ့အတွေးထဲကို ကိုယ့်အတွက်လာလမ်းမရှိဘူးနော်
အစကတည်းက မဆုံမတွေ့ဖြစ်ခဲ့ရင်အကောင်းသား
အခုတော့ ကိုယ်တယောက်တည်းအုံပုန်းလွမ်းေ နရပြီ။
ရှိပါစေလေ.....
ကိုယ့်ဘဝက အလွမ်းတွေကိုထုပ်ပိုးသိမ်းကျုံး ရတဲ့ဘဝပါ
ကိုယ့်အတွေးထဲမင်းရှိနေတာဟာလည်း
ကိုယ့်အတွက်ကံကောင်းခြင်းဘဲပေါ့
မမျှော်လင့်ရတဲ့ အချစ်ကိုဘဲ ရင်ထဲမှာသိမ်းဆည်းထားပါ့မယ်
အလွမ်းအဆွေးတွေနဲ့ကင်းလွတ်ရာ ကိုယ်မတတ်နိုင်ဘူးလေ။
ပုဏ္ဏားကျွန်းဇူးဝေ
0 ထင်မြင်ချက်ပေးရန်:
Post a Comment