ကျွန်တော်ဒီ နည်းလေးကို ဦး (စံပီး) ဆိုဒ်ကကူးယူလာတာပါ ကျွန်တော်လည်းဒီနည်းအတိုင်း
လုပ်လိုက်တာ တကယ်ကို RAM အပြည့်သုံးနေရပါတယ် ကျွန်တော်ရဲ့မိတ်ဆွေများလည်း သုံး၇အောင်လို့
ပုံရိပ်တွေနဲ့ ပြင်ရှယ်လိုက်ပါတယ် အောက်မှာဆက်ဖတ်ပြီး လုပ်ကြည့်လိုက်ကြပါဗျာ
Ram အပြည့်မပေါ်တာကို Windows အသုံးပြုတဲ့လူတွေမှာ ကြုံတွေရမှာပါ။ ဒီမှာ 32 bit နဲ့ 64 bit ဆိုပြီး
WINDOWS မှာ ရှိတာကိုလဲ သတိထားမိကြမှာပါ။ Windows 32 bit မှာတော့ သိကျတဲ့အတိုင်းဘဲ RAM ကို 4 GB အထက်ထည့်လို့မရပါဘူး။ ထည့်လဲဘဲ ပေါ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ 64 bit မှာကျတော့
အောက်မှာ မြင်ရတဲ့အတိုင်းပါဘဲ။
Version | Limit on X86 | Limit on X64 |
---|---|---|
Windows 7 Ultimate | 4 GB | 192 GB |
Windows 7 Enterprise | 4 GB | 192 GB |
Windows 7 Professional | 4 GB | 192 GB |
Windows 7 Home Premium | 4 GB | 16 GB |
Windows 7 Home Basic | 4 GB | 8 GB |
Windows 7 Starter | 2 GB | N/A |
Run မှာ msconfig လို့ရပြီး Ok
window တခုပေါ်လာပါမယ် ပြီးနောက် Boot ဆိုပြီး အပေါ်မှာရှိတာကို နှိပ်ပါ
ပြီးနောက် Advanced Options ကိုနှိပ်ပါမယ် နောက်ထက် window တစ်ခုတက်လာပါမယ်
ပုံမှာ မြင်ရတဲ့ အတိုင်း Maximum Memory ကို အမှန်ခြစ်ထားတာကို ဖျတ်လိုက်ပါ
ပြီးနောက် Apply ပြီးတော့ ok
Computer ကို Restart လုပ်ပေးလိုက်ပါ။ ကျွန်တော်မှာ ရှိတဲ့ laptop တခုကိုလဲ လုပ်လိုက်တာ
8 GB Ram အပြည့်သုံးလို့ရပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ နောက်လည်းသိသမျှတွေကိုလည်း ပြင်မျှပေးပါမယ်ဗျာ...
0 ထင်မြင်ချက်ပေးရန်:
Post a Comment