Friday, December 30, 2011

သဇင်လွမ်းချင်း

မတူသည်လား
မတန်သည်လား
ဝေခွဲမသိ
မင်းမျက်ဝန်းကို
ငါ့မှာလွမ်းခွင့်ရှိပါသည်။
သာယာချိုစကား
လိမ္မာယဉ်ပါး
မင်းစကားသံ
နားယံပဲ့တင်ထပ်နေသည်။
ပန်းသဇင်များ
မပန်ထိုက်သလား
ရင်ထဲမောဟိုက်
ငါ့မှာအတွင်းကြေနေပါသည်။
သဇင်....
အလှမ်းကွာလည်း
တပ်မက်ခွင့်ပေး
မပိုင်သာလည်းမွှေးရနံ့ပေး
မဆိုင်သည့်ပန်း
စွဲလမ်းရင်ကို
အမုန်းဆုလေးပေးခဲ့ကွယ်။
 
                               ပုဏ္ဏားကျွန်းဇူးဝေ 30.1.05

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More