Thursday, December 1, 2011

window7 အတွက် Desktop gadgets

     ခပ်ညံ့ညံ့ လေးတစ်ခုမျှဝေပါရစေနော်...ကျွန်တော်သိထားတာလေးပါသိပြီးသားဆိုတော့ ဆောရီပါဗျာ..ဘာမှတော့ မဟုတ်ဘူးဗျာ အပေါ်ကခေါင်းစီးလေးကို ရှယ်လိုက်ပါမယ် ကျွန်တော်တို့ window7 သုံးသမားတွေအတွက် Desktop gadgets လေးတွေကို ပေါင်းထည့်ဖို့ gadget အောက်နား
လေးမှာ လင့်လေးပါတာကို သတိထားမိကြပါသလား မသိသေးဘူး ဆိုတော့ဒီလို့လုပ်မယ်ဗျာ Desktop ပေါ်မှာ right click လုပ်မယ်ဗျာ ပြီးရင် ပေါ်လာတဲ့ right click ဖိုင်လေးက အောက်နားလေးမှာ gadgets ဆိုတာလေးကို နှိပ်ကြည့်လိုက်ပါ ပြီရင်အောက်က ပုံလေးကို ကြည့်လိုက်ပါနော်
    ကျွန်တော်မြှားလေးနဲ့ပြပေးလိုက်ပါတယ် အင်တာနက်ချိတ်ဆက်ထားပြီးသားဆိုတော့အခုမြှားပြထားတဲ့ Get more gadgets online ဆိုတဲ့စာကြောင်းလေးကိုမောက်လေးနဲ့ နှိပ်လိုက်ပြီ ခဏစောင့်လိုက်ရင် IE နဲ့ဖြစ်ဖြစ် Mozilla Firefox နဲပဲဖြစ်ဖြစ် gadgets online BOX ထက်လာတာကိုတွေရမှာပါ ကဲဗျာ တက်လာပြီဆိုတော့ ကျွန်တော်တို့  gadgets လေးတွေကို အလွယ်တစ်ကူး ရွေးချယ်ပြီး ဒေါင်း
လို့ရနိုင်ပါပြီ အောက်ကပုံလေးလို့ပါဘဲ
မိတ်ဆွေတို့ကြိုက်တဲ့  gadgets လေးတွေကိုရေီးပြီး Get it now စာကြောင်းလေးမှာမောက်ကိုနှိပ်ပြီး ဒေါင်းပြီး install လုပ်ကြပါတော့ဗျာ....အားလုံးအဆင်ပြေကြပါစေနော်..ဆရာကြီးလုပ်သွားပါတယ်လို့တော့ မပြာကြပါနဲ့ဗျာ သိထားတာလေးတွေ မျှပေးလိုက်တာပါ..

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More