Friday, November 22, 2013

ရင်ခွင်ဦးသို့တမ်းချင်း

သခင်....စံဖူး ရင်ခွင်ဦးရဲ့
အိပ်မက်...တစ်နေရာ နိုးမထချင်
နုညံ့တိတ်ဆိတ် နှုတ်ငုံပိတ်၍ သခင် ထွက်ခွါ။
ချစ်စိတ်သူပျိုး တိတ်တခို့နှင့် ငြိုးငြင်စိတ်ထား...
လှည်ဖျားတတ်သူ ......
ရင်ဝှက်သိမ်းပိုက် အချစ်စိတ်နဲ့ မျိုသိပ်တမ်းတ
လွမ်းထိရှလည်း ဘဝခက်ခက် မတွယ်မက်စေ
သည်းဦးပွင့်ဖူး အချစ်ဦးမို့ ညှိုးစိတ်ငြင်ငြို မထားလို ..။
ကြင်နာခဏ အိပ်မက်လေးမျှ ချစ်ခွင့်ရလည်း
ဘဝထင်ထင် မနိုးချင်ခဲ့ ...။
သခင်....စံဖူး ရင်ခွင်ဦးရဲ့အိပ်မက်...တစ်နေရာနိုးမထချင်
အိပ်မက်လှလှ မက်ချင်သေးသည်
တစ်ရေးအိပ်ခွင့်ရှိချင်သေးသည်...
အပြုံးနောက်ကွယ် အမုန်းများနဲ့
လှည့်ဖျားဖလယ် ခွန်းချိုစကား
နားစွန်ထင်လှ ကြားနေချင်သည်
မျက်စီစုံမှိတ် မအိပ်ငိုက်လည်း
သခင်....စံဖူး ရင်ခွင်ဦးရဲ့
အိပ်မက်...တစ်နေရာ နိုးမထချင်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More