Tuesday, November 19, 2013

ပုံစံတူ အမှုနှစ်ခု မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်းဖြစ်ပွား

၅)နှစ်အရွယ် မိန်းကလေးကိုပဲ ပုံစံတူ လူသတ်မှု နှစ်မှု နှစ်မြို့နယ်တွင် တစ်ပြိုင်တည်းဖြစ်ပွါးခဲ့တယ်။
ကျောက်တော်မြို့နယ်မှာ တစ်မှုနဲ့ ပေါက်တောမြို့နယ်မှာလည်း တစ်မှု ဖြ...စ်ပွါးခဲ့ပါတယ်။ ပုံစံတူတာမို့ စဉ်စားစရာတွေ အများကြီးရှိတယ်။
၁၈ ၁၁ ၂၀၁၃ တနင်္လာနေ့ညနေဘက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ဦးရွှေအောင်ဒေါ်မိုးမိုးစံတို့၏သမီး
 အသက်၆နှစ်ရှိ မိမိငယ်အား ရွာညှာဘင်္ဂါလီရွာမှ ဘင်္ဂါလီများရှောင်တခင် ခိုးဝင်လာပြီး ဖမ်းဆီသွားပြီး မနက်မိုးလင်းသောအခါ ရွာပြင်စပါးခင်းတွင်
အလောင်းအားပစ်ချထားခဲ့သည်။အလောင်းတွင် ဦးခေါင်းဒဏ်ရာတစ်ချက် ပါးတစ်ဘက်တစ်ချက်စီနှင့် မုဒိန်းကျင့် ခံထားရသည်တို့ကိုတွေ့ရှိရသည်။
သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုကြောင့် တရားခံတစ်ဦးဖမ်းဆီးထားသည်ဟုသိရှိရသည် အလောင်ကို အပေါက်ဝတိုက်နယ် ဆေးရုံတွင် စစ်ဆေးလျှက်ရှိသည်။

ဦးဉာဏ စစ်တွေ
*******************
ပေါက်တောမြို့နယ်၊အနောက်ဖရုံကာကျွန်း၊ စိုးမဲကျီကျေးရွာမှအသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦးသည်နိုဝင်ဘာလ ၁၇ ရက်၊တန်ဆောင်မုန်းလပြည့်ညနေ
 ၆ နာရီခန့်တွင်ပျောက်ဆုံးခဲ့ပြီးရွာသားမျာကလိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၁၈ ရက်နေ့လည် ၁၀ နာရီခွဲခန့်တွင်သတ်ဖြတ်မြေမြုပ်ခြင်းခံထား
ရသည်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။အဆိုပါမိန်းကလေး၏သေဆုံးမှုကိုမြို့နယ်ရဲတပ်ဖွဲ့မှလုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးဖော်ထုတ်
နေကြောင်းသိရသည်။

ပေါက်တောမိသားစု

facebook မှ


0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More