Friday, November 22, 2013

Facebook ကို ပရိုတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်း သုံးတတ်လိုလျှင်

Facebook ကို ပရိုတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်း သုံးတတ်လိုလျှင် ဒီစာအုပ်ဖတ်ပါ
ကဲ ကျုပ်လည်း Facebook ကို ပရိုတစ်ယောက်လို မသုံးတတ်သေးပါဘူး ထိန်းချုပ်မှုပိုင်းမှာတော့ လိုနေပါ
သေးတယ်ဗျာ။ ရထားတာတော့ တစ်ပတ်လောက်ရှိတော့မယ် သူများတွေ မေ့လောက်မှ ကောက်တင်
လိုက်တယ်လို့ဘဲ ဆိုပါတော့လေ။ ဒီစာအုပ်လေးကတော့ အင်တာနက်ပေါ်က နည်းပညာရေးသားသူတွေရဲ့
Facebook နဲ့ ပတ်သက်သမျှ မှတ်စုသဘောလို ပြုလုပ်ထားတဲ့ စာအုပ်လေးပါ။ သိပ်ကောင်းပါတယ်။
ကိုစိုင်းသူက ပြန်လည်စုစည်းတင်ဆက်ထားတာပေါ့ဗျာ။ facebook အကောင့်လော့ကျတာကို ပြန်ဆယ်တဲ့
နည်းလမ်းတွေ အကောင့်ဟက်ခံရတာကို ပြန်လည်ရယူနိုင်တဲ့ နည်းလမ်းတွေ Facebook Setting ဆိုင်ရာ
မှာ နားမလည်တာတွေကို နားလည်သဘောပေါက်အောင် ပုံနှင့်တစ်ကွ ရှင်းပြထားတာလေးတွေကို စုစည်း
ထားတာဆိုတော့ အတော်လေးကောင်းပါတယ်။ ကျုပ်တောင် ဒီစာအုပ်ဖတ်မှ ကိုယ်သုံးနေတဲ့ facebook
တောင် အားနဲချက်တွေ များနေပါလား လုံးခြုံရေးတွေ အရမ်းနဲနေပါလားလို့ တွေးမိတယ်။ ဒါကြောင့် တိုက်
ကြည့်ပြီးတော့ ပြင်သင့်တာလေးတွေလည်း လိုက်ပျင်လိုက်တယ်။ အစုံလင်ဆုံးရယ်တော့ မဟုတ်ပါဘူး ဒီစာ
အုပ်ကတော့ လုံခြုံရေးပိုင်းကို ဦးစားပေးပေါ့။ စုံသလားဆိုတော့လည်း အတော်လေးစုံတယ် facebook သုံး
သူတိုင်း မည်သူမဆို ဒီစာအုပ်လေးတော့ဖြင့် ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် တင်ပေးလိုက်တယ်။ ဒီလို
ပညာမျိုးတွေကတော့ စာအုပ်ထုတ်ရောင်းစားတဲ့ဥစ္စာမျိုးတွေလို မဟုတ်ဘူးဗျ။ ပိုကောင်းတာပေါ့ စာအုပ်
ထုတ်ရောင်းတာမျိုးက သိပ်မစုံလင့်ဘူး။ ဖတ်ကြည့်ရင် သိပါလိမ့်မယ်..။ 2MB ကျော်ကျော်လေးပါ..။

                                          DOWNLOAD

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More