Saturday, November 2, 2013

ရှာဖွေမှု ရလဒ်များ တွင် banner ကြော်ငြာများ ထည့်သွင်းခြင်း ကို Google စမ်းသပ်နေ

Google ကုမ္ပဏီ သည် ၂၀၀၅ ခုနှစ်က Marissa Mayer ပေးခဲ့ သည့် ကတိကို ချိုးဖျက် ပြီး ရှာဖွေမှု ရလဒ်များ တွင် banner
 ကြော်ငြာများ ထည့်သွင်း ကာ စမ်းသပ် နေကြောင်း သိရသည်။ လွန်ခဲ့သည့် ရှစ်နှစ်ခန့် က Google ၏ ရှာဖွေမှု ထုတ်ကုန်များ
ဌာန ဒုတိယ ဥက္ကဌ ဖြစ်သူ Marissa Mayer သည် ကုမ္ပဏီ အနေဖြင့် Google home page နှင့် ရှာဖွေမှု ရလဒ်များ တွင် banner
ကြော်ငြာများ ကို ဘယ်သော အခါမှ ထည့်သွင်း မည် မဟုတ်ကြောင်း blog post တစ်ခုတွင် ရေးသား ဖော်ပြ ခဲ့ဖူးသည်။
အဆိုပါ ကတိပြု ပြောကြားချက် ကို ယခုအခါ Google က ချိုးဖျက် ခဲ့ပြီး Southwest လေကြောင်း လိုင်း အတွက် ရှာဖွေမှု ရလဒ်များ
 ၏ ထိပ်ဘက်ပိုင်း တွင် banner ကြော်ငြာ တစ်ခုကို Web marketing app ရေးဆွဲ သည့် Synrgy မှ တွေ့ရှိ ခဲ့ကြောင်း
Search Engine Land မှ ဖော်ပြ ခဲ့သည်။

Internet Journal

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More