Wednesday, November 27, 2013

ငွေဖြည့်ကတ် ရောင်းချမှုနှင့် ပတ်သက်၍ ဈေးနှုန်း ကန့်သတ်ခြင်း၊ ညွှန်ကြား ချက်၊အမိန့် များနှင့် တားမြစ် ကန့်သတ်ခြင်းမျိုး မရှိဟုဆို

ငွေဖြည့်ကတ် ရောင်းချမှုနှင့် ပတ်သက်၍ ဈေးနှုန်း ကန့်သတ်ခြင်း၊ ညွှန်ကြားချက်၊ အမိန့်များနှင့် တားမြစ်ကန့်သတ်
 ခြင်းမျိုးမရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသောင်းတင်၏
 ပြောကြားချက်အရ သိရသည်။
        မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ငွေဖြည့်ကတ်များကို ကုမ္ပဏီများသို့ ၆ ရာခိုင်နှုန်းကော်မရှင်နှင့် ဖြန့်ဖြူး
ရောင်းချပေးရန် ကိုယ်စားလှယ် ခန့်အပ်ထားခြင်း ဖြစ်ကြောင်း၊ တစ်ခါတစ်ရံဈေး ကွက်လိုအပ်ချက်ကို ခန့်မှန်းတွက်
ချက်မှုလွဲမှားပြီး တစ်ချို့ငွေဖြည့်ကတ်များ မလုံလောက်ခြင်း၊ ကြုံတွေ့ရခြင်း၊ ဈေးကွက်ကိုလက်ဝါးကြီး အုပ်လိုမှုနှင့် ဝယ်ယူသို
လှောင်ထားခြင်း၊ ဖြန့်ဖြူးသည့် စနစ်အား နည်းခြင်းကြောင့် ပြတ်လပ်သွားခြင်း၊ ထုတ်လုပ်သော ကိုယ်စားလှယ် ကုမ္ပဏီ၏ နည်း
ပညာအားနည်းချက်ကြောင့် တစ်ခါတစ်ရံသုံးစွဲမရသည့် ငွေဖြည့်ကတ်များ ကြုံတွေ့ရခြင်းတို့ကြောင့် ဖြစ်ပြီး ထိုကဲ့သို့ ကိစ္စများအတွက်
 မကြာခဏညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ဒုတိယဝန်ကြီးကပြောသည်။
              သို့ရာတွင် လွတ်လပ်သော ဈေးကွက်သဘောတရားကို ဟန့်တားသည့် ကိစ္စရပ်များဖြစ်သည့် ဈေးနှုန်းကန့်သတ်ခြင်း၊
 ညွှန်ကြးချက်၊ အမိန့်များနှင့် တားမြစ်ကန့်သတ်ချက် မရှိခဲ့ကြောင်း ဒုတိယ​ဝန်ကြီး ကဆက်လက်ပြောကြားသည်။ ပထမအကြိမ်
 ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ပြောကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ငွေဖြည့်ကတ် ထုတ်
လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီအရေအတွက်၊ အမည်နှင့်ငွေဖြည့် ကတ်များ ဈေးကွက်တွင် ပြတ်လပ်မှုမရှိစေရန် မည်သို့စီ
မံထားသည်တို့ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်းကိုပေါက်မဲ ဆန္ဒနယ်မှ ဦးခင်မောင်ညိုက မေးမြန်း ခဲ့ခြင်းဖြစ်ပြီး ၎င်းမေး
မြန်းမှုကိုဖြေကြားရာတွင် အထက်ပါအချက်များကို ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
           မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများတွင် အသုံးပြုရန်အတွက် Prepaid Top Up ကတ်ထုတ်လုပ်ဖြန့်ဖြူးရန်
 Asia Mega Link Co.,Ltd, Global Telephone Co.,Ltd, Tamoehnye Chan Tha Tun Wai Tha Co., Ltd, Yatanapon Teleport Co.,Ltd
နှင့် Elite Tech IT Services Co.,Ltd ကုမ္ပဏီ (၅) ခုကိုကိုယ်စားလှယ် ပေးထားကြောင်း သိရသည်။

credit to:Internet Journal

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More