Sunday, November 10, 2013

iPhone 5S အချို့တွင် ဘက်ထရီပြဿနာ ရှိနေကြောင်း Apple ဝန်ခံ



Apple ကုမ္ပဏီက ၎င်းတို့၏ အသစ်ထုတ် iPhone 5S အချို့တို့တွင် ဘက်ထရီ ချွတ်ယွင်းချက် ရှိနေကြောင်း ထုတ်ဖော် ဝန်ခံလိုက်သည်။ 
အလွန်နည်းပါးသော ဖုန်းဟန်းဆက် အချို့တို့တွင် ဘက်ထရီသည် သာမန်ထက် မြန်ဆန်စွာ အားနည်း ယုတ်လျော့သွားကြောင်း Apple 
က ပြောကြားခဲ့ပြီး ယင်းသည် ထုတ်လုပ်မှု အပိုင်းတွင် ချွတ်ယွင်းမှုအချို့ ပါရှိသွား၍ဟုလည်း ရှင်းလင်းခဲ့သည်။ Apple က ယခုပြဿနာ
 ကြုံခဲ့ရသည့် အခြေအနေတွင် ဖုန်းအသစ်တစ်လုံး လဲပေးသွားမည်ဟုလည်း ဆိုသည်။ အစောပိုင်းကတည်းက iPhone 5S ၏ ဘက်ထရီ
 သက်တမ်း တိုတောင်းကြောင်း ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သော်လည်း Apple က အမျိုးမျိုးသော တုံ့ပြန်မှုများကို သေချာခိုင်မာအောင် 
စီစစ်နေခဲ့သည်။
        ယခုအခါ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးက iPhone 5S ၏ အချို့သော ဟန်းဆက်များတွင် ဘက်ထရီ ပြဿနာ ရှိနေပြီဟု 
အတည်ပြု ကြေညာခဲ့သည်။ Appleက iPhone 5S ၏ ဘက်ထရီသက်တမ်းသည် တစ်ကြိမ်အားသွင်းပြီးလျှင် စကားပြောချိန် (၁၀) နာရီ
 ကြာရှည်မည်ဟု ပြောကြားထားသော်လည်း ခဏတာ အချိန်မျှနှင့် အားကုန်သွားသဖြင့် အရှက်ရစရာ ဖြစ်ခဲ့ကြောင်း လက်တွေ့ကြုံရသူများက 
ဝေဖန်ခဲ့သည်။ Apple သည် (၂၀၀၆) ခုနှစ်ကလည်း ၎င်းတို့ထုတ်လုပ်သည့် Laptop များတွင် ဘက်ထရီ ချွတ်ယွင်းချက် ရှိနေသဖြင့် ပြန်လည်
သိမ်းဆည်း ပြင်ဆင်ပေးရဖူးသည်။
       Apple ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး သီရေဆာဘရီဝါက “ကျွန်မတို့ အနေနဲ့ မကြာသေးခင်က အရမ်းနည်းပါးတဲ့ iPhone 5S တွေမှာ 
ဘက်ထရီ ချွတ်ယွင်းချက် ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ ဘက်ထရီက တစ်ကြိမ်အားသွင်းပြီး သက်တမ်းတိုတိုပဲ အသုံးပြုနိုင်တဲ့ ပြဿနာမျိုးပါ။
 ဒီအတွက် ပြဿနာကြုံရတဲ့ ဖောက်သည်တိုင်းကို ကျွန်တော်တို့ ဖုန်းအသစ်တွေ အစားထိုး လဲလှယ်ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။ Apple 
သည် iPhone 5S ကို သိုလှောင်မှုစွမ်းရည် ကွဲပြားချက်အလိုက် ပေါင်စတာလင် (၅၄၉) နှင့် (၇၀၉) ကြား ဈေးနှုန်းသတ်မှတ် ရောင်းချလျှက်ရှိသည်။

Ref & Credit: Planet Myanmar News

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More