Saturday, November 23, 2013

အရွယ်ကြီး ကွေးကောက်လို့ရ iPhone အသစ်များ ၂၀၁၄ တွင်ထွက်မည်


Apple တို့ နှစ်စဉ် ပုံမှန် မိတ်ဆက် ထုတ်လုပ်ရောင်းချနေတဲ့ iPhone Line ကနေ ကွဲပြားတဲ့ ထုတ်လုပ် ရောင်းချမှု
အသစ်တစ်ခု စတင်ပါတော့မယ်။ ယင်း ကတော့ အရွယ်ကြီးပြီး ကွေးကောက်လို့ရတဲ့ iPhone များကို ၂၀၁၄ ခုနှစ်
နှစ်လယ်မှာ ထုတ်လုပ်၊ဖြန့်ချိရောင်းသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
          ဟန်းဆက် ၂ မျိုးထပ်မံ မိတ်ဆက်ပြသမှာပါ။ iPhone 5S နဲ့ 5C လို မဟုတ်တော့ပဲ အရွယ်က ၄.၇ လက်မ
တစ်မျိုးနဲ့ ၅.၅ လက်မ တစ်မျိုး ဖြစ်ပါတယ်။ Sensor ပါဝင်မှုတွေလည်း ပိုများလာမယ်လို့ ဆိုပါတယ်။ အရွယ် ကြီးလာ
မှုနဲ့အတူ ပါဝင်မယ့် နည်းပညာတွေလည်း ပိုအဆင့်မြင့်လာပါမယ်။ iOS 8 နဲ့ မြင်တွေ့ရမယ် လို့တောင် အချို့ က ခန့်မှန်း
ထားကြ ပါတယ်။ ကမ္ဘာ့ပထမဆုံး ကွေးညွန်စမတ်ဖုန်း ထုတ်လုပ်ရောင်းချတာ ကတော့ Samsung ဖြစ်ပြီး LG က ဒုတိယ
လိုက်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်မှာ ကတည်းက မိတ်ဆက်ပြသပြီး နှစ်လယ် ပိုင်းလောက်မှာ ဖြန့်ချိရောင်းချမှာ
ဖြစ်ကြောင်း သတင်းများက ဖော်ပြထား ပါတယ်။ ဒါကြောင့်မို့ အရွယ်ကြီးပြီး ကွေးညွန်လို့ရတဲ့ iPhone မော်ဒယ်သစ် များ
သတင်းကြီးလျက် ရှိကြောင်း သိရ ပါတယ်။

Ref: pocketlint
K & N Mobile and Online Store

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More