မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Monday, June 30, 2014

နိုက်ဂျီးရီးယားတွင် ခရစ်ယာန် ဘုရားကျောင်းများ၊ ရွာများကို ဘိုကိုဟာရမ်တို့တိုက်ခိုက် (၄၀)ကျော် သေဆုံး

                 နိုက်ဂျီးရီးယား နိုင်ငံတွင် ဘိုကိုဟာရမ် စစ်သွေးကြွများဟု ယူဆရသည့် အကြမ်းဖက်သူများ၏  တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၄၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ချီဘော့အနီး ကျေးရွာတစ်ခုရှိ  ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းကို ပစ်မှတ်ထားခဲ့သည်ဟု ယူဆရသော အဆိုပါ တိုက်ခိုက်မှုတွင် အရပ် သား(၄၀) သေဆုံးပြီး...

ဒိုင်ဗင်သမားအဖြစ် စွပ်စွဲခံနေရသည့် နယ်သာလန် အသင်းဖော် ရော်ဘင်ကို ဂိုးသမား ဆီလက်ဆန်ကာကွယ်

             အာဂျန်ရော်ဘင်ကို ဟန်ဆောင်လှဲချသူ ဒိုင်ဗင်သမား တစ်ဦးအဖြစ် စွပ်စွဲမှုများအား နယ်သာလန် ဂိုးသမား  ဂျက်စ်ပါ ဆီလက်ဆန်က ငြင်းဆန်ပြီး အသင်းဖော်ဘက်မှ ကာကွယ်ရပ်တည်ခဲ့သည်။ နယ်သာလန်က မက္ကဆီကိုအား  (၂-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ရော်ဘင်သည် နောက်ဆုံးမိနစ်ပိုင်း၌ ရာဖေးလ်မားကွက်ဇ်၏ ဖျက်ထုတ်မှုကြောင့်  လဲကျပြီး ပင်နယ်တီ...

ISIS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် နယ်မြေများကို အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ကြေညာ

                အီရတ်နှင့် ဆီးရီးယားတို့တွင် ၎င်းတို့ သိမ်းယူထားသည့် နယ်မြေများဖြင့် အစ္စလာမ်မစ် နိုင်ငံတော်အဖြစ်  သတ်မှတ်ထူထောင်ကြောင်း ISIS စစ်သွေးကြွများက ကြေညာခဲ့သည်။ ISIS ၏ ခေါင်းဆောင်ဖြစ်သူ အဘူဘေကာ  အယ်လ်ဘဂ္ဂဒက်ဒီက ယင်းအစ္စလာမ်မစ် နိုင်ငံတော်တွင် Caliphခေါ် ဘာသာရေးကို အခြေခံသည့် ခေါင်းဆောင်အ ဖြစ်လည်း ခံယူခဲ့သည်။ Caliphate...

Sunday, June 29, 2014

မွတ်ဆလင်နိုင်ငံတည်ဆောက်ရေး ကြိုးစကို ဆွဲကြည့်ခြင်း

ခိုင်လင်း (မေဃ၀တီ)             မြန်မာနိုင်ငံတော်ထဲက နောက်ထပ်နိုင်ငံ တနိုင်ငံထွက်ပေါ်လာအောင် UN အဖွဲ့အစည်းတွေနဲ့  INGO အဖွဲ့တွေက စနစ်တကျလုပ်ဆောင်နေတာလားဆိုတာ သံသယဖြစ်မိတယ်ဆိုတဲ့အကြောင်း လွန် ခဲ့တဲ့နှစ်က ဆောင်းပါးတပုဒ်မှာ အစလေးတခု ဖော်ပေးခဲ့ပါတယ်။ အဲဒီအစလေးကို ဆွဲထုတ်ဖို့ ဇန္န၀ါရီ  (၁၃) ရက် မောင်တောဖြစ်စဉ်က ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။  ...

ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ နိုင်ငံသားဖြစ်ရေး အမြင်

           ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်းက  ရခိုင်ဒေသအတွင်း နေထိုင်သူ လူမျိုးခြားတွေကို အသေအချာ စိစစ်ပြီး နိုင်ငံသား ဖြစ်ထိုက်သူ တွေကို အသိအမှတ်ပြုသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ၂ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေး နွေးပွဲ နောက်ဆုံးနေ့ မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး INGO...

Friday, June 27, 2014

သတင်းစာ၊ ဂျာနယ်များ ခေါ်ယူမေးမြန်းမှု ဘင်္ဂလီငွေကြေးများ စစ်ဆေးရန် ဟု ဆို

          သတင်းစာ၊ ဂျာနယ်များအား သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခြင်းမှာ အစ္စလာမ်အဖွဲ့ အစည်းများမှ  ငွေကြေးများ စီးဝင်နေမှုများကို စစ်ဆေးရန် ဖြစ်ကြောင်း သတင်းရရှိသည်။လတ်တလော ပြည်တွင်းမီဒီယာ အသိုင်းအ၀ိုင်း၌ ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေ သည့် အရင်းအနှီး၊ ၀င်ငွေ၊ အမြတ်၊ အရှုံးနှင့် လည်ပတ်မှုတို့ နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီက ဆန့်ကျင်သည့် ကြေညာချက်ထုတ်ပြန်ထားပြီး...

အငြိမ်းစားရဲမှူးကြီးသမီးတစ်ဦးမှ ဘင်္ဂလီများကို ကားဖြင့်ရန်ကုန်ပို့ရာ အမ်းဂိတ်တွင်ဖမ်းဆီးမိ

အမ်း။ ဇွန် ၂၇ နေပြည်တော်၊ ပုပ္ပသီရိမှ အငြိမ်းစားရဲမှူးကြီးအဆင့်ရှိသူ တစ်ဦး၏သမီးဖြစ်သူ မမွန်မွန်ချို နှင့် ရန်ကုန်မြို့ဒဂုံ မြို့နယ်တွင် နေထိုင်သူ အငြိမ်းစားရဲမှူးကြီး တစ်ဦး၏သား မောင်မျိုးထက်စိုး( ဒရိုက်ဘာ)  တို့ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘင်္ဂလီ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၈ ဦးအား ကားဖြင့်ခေါ်ဆောင် သွားခဲ့ရာ ဇွန်လ ၂၇ ရက်နေနေ့က နံနက် ၉ နာရီခန့်က...

ဆီးရီးယား သူပုန်တွေကို ကန်အစိုးရ ကူညီမည်

             ဆီးရီးယား အတိုက်အခံအုပ်စုတွေထဲက အယူအစွဲ မပြင်းထန်တဲ့သူတွေ ကို ရွေးထုတ်ပြီး  လက်နက်ထောက်ပံ့ဖို့နဲ့ စစ်သင်တန်း ပို့ချပေးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကူအညီ ပေးရေး အတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်က ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီငွေတွေကို ဆီးရီးယားပြည်သူတွေကို အကာကွယ်ပေးရေး၊ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသ တွေ...

ဗိုလ်ချုပ် မောင်မောင်အုန်း ရခိုင်ပဋိပက္ခကို တကယ် ကိုင်တွယ်နိုင်ပါ့မလား

        ရခိုင်ပြည်နယ်၏ ၀န်ကြီးချုပ်အဖြစ် အဆိုပြုခြင်း ခံထားရသည့် ဗိုလ်ချုပ် မောင်မောင်အုန်းက  ၎င်းအနေဖြင့် ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်ချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ  လုံးဝ တည်ငြိမ် ချုပ်ငြိမ်းရေးနှင့် ရခိုင်ဒေသကြီး ဖွံ့ဖြိုးရေးကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ဇွန်လ  ၂၆ ရက်နေ့က ပြောဆိုခဲ့သည်။    ...

Thursday, June 26, 2014

ထိုင်းတွင် Cobra Gold စစ်ရေး လေ့ကျင့်မှု ပြောင်းရွှေ့ရန် အမေရိကန် စဉ်းစား

                 ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသော အမေရိကန်-ထိုင်း ဦးဆောင်သည့် ရွှေမြွေဟောက် (Cobra Gold) နိုင်ငံစုံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် အခြား တနိုင်ငံ၌ ကျင်းပရန် အမေရိကန် ဘက်က စဉ်းစားနေကြောင်း သိရသည်။ အမေရိကန်အနေဖြင့် လာမည့်နှစ် ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့ ကျင့်မှုကို အခြား နောက်တနိုင်ငံတွင်...

ရခိုင်အကျိုးစီးပွားကို အသက်နှင့်လဲ ကာကွယ်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ကတိပြုပြောဆို

             ၎င်းကို ဝန်ကြီးချုပ်ခန့်မည့်ကိစ္စ စစ်တွေတွင် သံပုံးတီးဆန့်ကျင်ကန့်ကွက် ဗိုလ်ချုပ်မောင်မောင် အုန်းကို ၀န်ကြီးချုပ်အဖြစ် ခန့် အပ်ရန် အဆိုပြုထားသော သ၀ဏ်လွှာဖတ်ကြားခဲ့သည့်  ရခိုင် ပြည်နယ်အရေးပေါ် လွှတ်တော် အစည်းအဝေးကျင်းပနေချိန်တွင် စစ်တွေမြို့၌ လုံခြုံရေးတင်းကျပ် ခဲ့ကြောင်း  သတင်းရရှိသည်။        ...

ဗြိတိန်မီဒီယာများက ဆွာရက်ဇ်ကို ပစ်မှတ်ထား ထိုးနှက်နေကြောင်း ဥရုဂွေး အသင်းခေါင်းဆောင် ဝေဖန်

         ဗြိတိန်မီဒီယာများသည် မိမိ၏ အသင်းဖော် လူးဝစ်ဆွာရက်ဇ်အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား  တိုက်ခိုက်နေကြောင်း ဥရုဂွေး အသင်းခေါင်းဆောင် ဒီယေဂို လျူဂါနိုက ဝေဖန် ပြောကြားခဲ့သည်။ အီတလီ ကို အနိုင်ရသည့် ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား ဂျော်ဂျီယို ချီလီယေနီကို ဆွာရက်ဇ်က ကိုက်ခဲ့သည့် ကိစ္စ အပေါ် ဗြိတိန်မီဒီယာများက ပြင်းပြင်းထန်ထန် ရှုတ်ချရေးသားခဲ့ပြီး...

Wednesday, June 25, 2014

''ရိုဟင်ဂျာ'' ဆိုသည့် လူမျိုးနာမည်လိမ်ဖြစ်တည်ရေး လှုပ်ရှားမှုခေါင်းဆောင် ဟုသံသဖြင့်ဖမ်းဆီးခံရသူ စစ်တွေသက္ကယ်ပြင်မှ ဘင်္ဂလီဦးကျော်မြင့်တို့အုပ်စုပြန်လွတ်ပြီ

စစ်တွေ၊ ဇွန် ၂၅          ၂၀၁၃ ခုနှစ်၊ မေလအတွင်းက စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂလီများအား ဆွဲတင်စစ်ဆောင်ရွက်ရာတွင်  စာရင်းကောက်အဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ တုတ်များဖြင့်ရိုက်နှက်ခြင်းများကြောင့် အဖွဲ့ ခေါင်း  ဆောင် လက၀ ဦးစီးမှူး ဦးရန်အောင်မြင့်၏ လက်ကိုင်ဖုန်းကို လူယုခံရသည့်အပြင် ဦးစိုင်းမြတ်သူ၊ တပ်ကြပ်  မင်းအောင်၊...

ရခိုင်ပြည်နယ် ‘၀န်ကြီးချုပ်’ အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်း ကို သမ္မတက အဆိုပြု၊ စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်စွာချထား

 ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က  ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ယင်းသ၀ဏ်လွှာတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည် နယ် ‘၀န်ကြီးချုပ်’ အဖြစ်ခန့်အပ်ရန် အဆိုပြုထားသည်။            ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတကအဆိုပြုခြင်းကို  ကန့်ကွက်လိုပါက...

Tuesday, June 24, 2014

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ

           မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း  ဖောက်ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီး ခြင်းကို ခံခဲ့ရကြောင်း သိရသည်။   နီကိုလပ်စ်ဝစ်ခ်ျဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ  ၁၉ ရက်က စိန့်ပေါလ်တောင်ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ်...

ထိုင်း အဝေရောက်အတိုက်အခံအဖွဲ့ ဖွဲ့စည်း

                 ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ပြန်လည် ဖော်ဆောင်နိုင်ဖို့အတွက် အခုလက်ရှိ စစ်အစိုးရကို  အတိုက်အခံပြုမယ့် အဝေးရောက် စင်ပြုင် အဖွဲ့အစည်းတစ်ရပ်ကို ယခင် ဝန်ကြီးဟောင်း တစ်ဦးက ဦးဆောင်  ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။             ဒါဟာ လွန်ခဲ့တဲ့လက အာဏာသိမ်းခဲ့တဲ့ ထိုင်း...

ထိုင်းရောက် တရားမ၀င်လုပ်သား နှစ်သန်း မှတ်ပုံတင်ထုတ်ပေးမည်

              ထိုင်းအစိုးရက တရား မ၀င်အလုပ်သမား နှစ်သန်းခန့် အား ဇူလိုင် ၁ ရက်မှစ၍ အလုပ် လုပ်ကိုင်ခွင့်  မှတ်ပုံတင်များ စတင် ထုတ်ပေးမည်ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အ ရေးကွန်ရက်မှ သတင်း ရရှိသည်။ ထိုင်း ပြည်ထဲရေးဝန်ကြီး ဌာနသည် ခရိုင် ၂၂ ခုရှိ တရား မ၀င် ရွှေ့ပြောင်းအလုပ်သမား များအား အလုပ် လုပ်ကိုင်ခွင့် မှတ်ပုံတင်များ...

အခမဲ့ cloud သိုလှောင်မှုပမာဏကို နှစ်ဆတိုးပေးခဲ့သည့် Microsoft

                  Microsoft သည် ကုမ္ပဏီ၏ အခမဲ့ cloud ဝန်ဆောင်မှုကို အသုံးပြုသူများ အတွက်  သိုလှောင်မှု ပမာဏကို နှစ်ဆတိုးမြှင့်ပေးခဲ့ပြီး အခပေး Office 365 သုံးစွဲသူများအတွက်လည်း သို လှောင်မှု ပမာဏ 1TB အထိ တိုးမြှင့်ပေးခဲ့သည်။   ထိုကဲ့သို့ အခမဲ့နှင့် အခပေး cloud ဝန်ဆောင်မှု များအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခဲ့ခြင်းသည်...

မောင်တောနယ်စပ်တွင် တစ်သောင်းတန်ငွေအတုတွေ့ရှိမှုများလာ

၂၀၁၄ ဇွန် ၂၄           မောင်တောနယ်စပ်ဒေသရှိ ပုဂ္ဂလိကဘဏ်ခွဲများတွင် လာရောက်ငွေသွင်း၊ ငွေလွှဲပို့နေသူများထံမှ  တစ်သောင်းတန် ငွေအတုများကို တွေ့ရှိရမှုများလာကြောင်း သတင်းရရှိသည်။“မနေ့ကငွေ သိန်းသုံးဆယ်  ဘဏ်မှာသွားလွှဲတာ တစ်သောင်းတန်အတု သုံးရွက်တွေ့ပါတယ်။ ကျွန်တော်တို့ ဆိုင်သည် တွေက ငွေ ကောက်လို့ရှိရင် ပေးတဲ့အတိုင်းယူလာပြီး ဘဏ်မှာသွားလွှဲတာဖြစ်တဲ့အတွက်...

အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက်

             အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက် ချာရာဘန် အသက် ၁၀ နှစ်  ဆန်ဂျေကူမာရာ အသက် ၁၂ နှစ် ဖြစ်ပါတယ်။ ကျောင်းကတော့ ညီဖြစ်သူက ၆ တန်း အကို ဖြစ်သူက ၈ တန်းပါ။၎င်းတို့ ညီအကို နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO  ဖြစ်တယ်လို့ သိရပါတယ်။ ဒီလောက် အသက်ငယ်ငယ် လေးနဲ့ CEO ဖြစ်သွားရတဲ့ အကြောင်း ရင်း ကတော့ ဒီလိုပါ။ ညီအကိုနှစ်ယောက်ဟာ...

မန္တလေးမြို့တွင် ချို့တဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား၍ လှူဒါန်းမှုများ ရှိလာ

             မန္တလေးမြို့တွင် ချို့တဲ့သူ ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ်  စိတ်ဝင်စား လှူဒါန်းမှုများ ရှိလာကြောင်း သိရသည်။ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား မီးရထား တိုက် ခန်းဆိုင်များရှေ့တွင် ညစဉ် ၇ နာရီမှ ၉ နာရီအထိ စေတနာ့ ၀န်ထမ်းများက ချို့တဲ့ကလေးများကို ပညာသင်ကြား  ပေးလျက်ရှိကြောင်း သိရသည်။ "ပလက်ဖောင်းပျိုးခင်း"...

ဘရာဇီးအသင်း အကောင်းဆုံးခြေစွမ်း ရရှိနေပြီဟု နေမာကြွေးကြော်

            ကင်မရွန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘရာဇီးအသင်း၏ အကောင်းဆုံး ခြေစွမ်းကို ရရှိနေပြီဟု  တိုက်စစ်မှူး နေမာက ကြွေးကြော်လိုက်သည်။ ဘရာဇီးသည် ကမ္ဘာ့ဖလား အုပ်စု(A) အပိတ်ပွဲစဉ်တွင် အာဖရိက  ဒေသမှ အသင်းကို (၄-၁)ဖြင့် အပြတ်အသတ် အနိုင်ယူပြီး အုပ်စုဗိုလ် နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက် ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ...

သံသယများကို ချေဖျက်ပြခဲ့သည့် မက္ကဆီကို အသင်းခေါင်းဆောင် မားကွတ်ဇ်ကို ဟာနန်ဒက်ဇ်ချီးကျူး

           သံသယများကို တုံ့ပြန်ချေဖျက်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်ပြခဲ့သည့် မက္ကဆီကို အသင်းခေါင်း ဆောင် ရာဖေးလ် မားကွတ်ဇ်ကို အသင်းဖော် ဂျာဗီးယား ဟာနန်ဒက်ဇ်က ချီးကျူးစကား ပြောဆိုခဲ့သည်။အသက်(၃၅) နှစ် ရှိပြီဖြစ်သော ခံစစ်မှူးကို မက္ကဆီကိုနည်းပြ မီဂွယ်ဟာရဲရာက ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအတွက် ရွေးချယ်ခဲ့ စဉ်က ၎င်း၏ အသက်အရွယ်ကြောင့် အကောင်းဆုံး...

Page 1 of 31712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More