Tuesday, April 1, 2014

ရိုဟင်ဂျာလူမျိုး လုံးဝ လက်မခံဟု NLD ပြောပြီ



    ရလေ လိုလေ အိုတစ္ဆေဆိုသကဲ့သို့ ဆင်းသက်ရာ လူမျိုးမှာ ဘင်္ဂလီ ဖြစ်သော်လည်း ဘင်္ဂလီဟု အမှန်
မခံဘဲ ရခိုင်မြေကို ရလိုဇောဖြင့် အမည်သစ်တပ်ကာ လိမ်လည်ထားသော လူမျိုးအမည် ဖြစ်သည့်ရိုဟင်ဂျာ
လူမျိုးကို မြန်မာနိုင်ငံ တိုင်းရင်းသား ပေါင်းစုံက လက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေချိန်
တွင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်မှလည်း တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်သော ရိုဟင်ဂျာ
လူမျိုးကို  လုံးဝ လက်ခံမည် မဟုတ်ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။
         မတ်လ ၂၉ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ခန်းမဆောင်တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး
 ပါတီများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဘင်္ဂလီ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာပို့စ်က မေးမြန်းရာ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ထိုသို့ ပြောဆိုကြောင်း ဧပြီလ ၂ ရက်
နေ့ထုတ် မြန်မာပို့စ် ( The Myanmar Post) တွင် ဖေါ်ပြထားသည်။
            ဦးဥာဏ်ဝင်းက “ အန်ကယ်တို့က ရိုဟင်ဂျာဆိုတာ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ အန်ကယ်တို့
 ပါတီ အစိုးရ ဖြစ်ခဲ့ရင်လည်း ရခိုင်အရေးနဲ့ ပတ်သက်လို့ အခြေခံမူဆိုတာ အန်ကယ်တို့မှာ ရှိတယ်” ဟု ဦးဥာဏ်ဝင်း
က ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။ ယခုကဲ့သို့ မြန်မာ ဒီမိုကရေစီအရေးကို အဓိက အလေးထား ဆောင်
ရွက်နေသော ပါတီကြီး တစ်ခုဖြစ်သည့် NLD ကပါ တစ်ခါ ရိုဟင်ဂျာ အမည်ကို မထောက်ခံဟု ဆိုလာသဖြင့် ရိုဟင်ဂျာ
ကို မြန်မာနိုင်ငံတွင် ထောက်ခံသူ လုံးဝ မရှိသော အဆင့်သောရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

http://www.narinjara.com
မှတ်ချက် ။      ။ ဓာတ်ပုံအား တိုက်ဆိုင်လွန့်လို့ တင်ပေးလိုက်တာပါ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More