Tuesday, April 15, 2014

ဒေါ်စုပြောကြားချက် NLD ခေါင်းဆောင်များ မကျေမနပ်ဖြစ်နေ



Tuesday , April 15, 2014
            ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံများသို့ ရောက်ရှိစဉ် ဒေါ်စုကြည်၏ ပြောကြားချက်များနှင့်ပတ်သတ်ပြီး
NLD နာယက ဦးတင်ဦးအပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်များမှ ဒေါသထွက်လျက်ရှိသည်။ဒေါ်စုကြည်က ဂျာမနီ
အစိုးရအဖွဲ့နှင့် ပြည်သူများအား ရှင်းလင်းပြောကြားမှုများမှာ ယခင်အစိုးရလက်ထက်က ညံ့ဖျင်းမှုများ၊ လွဲမှားမှု
များကို ထောက်ပြပြောဆိုရှင်းလင်းမှုကြောင့်ဖြစ်သည်။ သူမအနေဖြင့် Myanmar လို့ မသုံးစွဲနိုင် ကြောင်း၊ Burma
လို့သာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခြင်း၊ Burma ကို Myanmar လို့ သုံးစွဲခြင်းမှာ စစ်အစိုးရ၏ စာ
ပေမတတ်မြောက်မှု၊ မသိနားမလည်ခြင်းကြောင့် ဖြစ်သည်ဟု ပုတ်ခတ်ဝေဖန် ခဲ့ခြင်းဖြစ်သည်။
             ထို့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြည့်ပြည့်၀၀ မရရှိသေးသကဲ့သို့ ပြည်တွင်းစစ်လည်း မပြီးဆုံးသေး
ကြောင်းနှင့် ဘာသာရေးပဋိပက္ခတွေ ကြောင့် လူတန်းစားအသီးသီး ထိခိုက်ခံစားနေရခြင်းဖြစ် ကြောင်း ပြောကြား
ခဲ့မှုများကို NLD ခေါင်းဆောင်ပိုင်းက ဘ၀င်မကျဖြစ်မိသည်။၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိရေးအ
တွက် NLD ခေါင်းဆောင်များအနေဖြင့် အစိုးရလုပ်ရပ်များကို ပုတ်ခတ်ပြောဆိုခြင်းသည် အကျိုးမရှိသည့် ထိုးနက်
မှုများဖြစ်၍ NLD ပါတီအပေါ် အထင်အမြင်သေးစေသည်ဟုဆိုသည်။
        ဦးတင်ဦးက ပြောကြားရာမှာ ဒေါ်စုကြည် ပြောကြားချက်များမှာ နည်းနည်းတော့ လွဲနေတယ့့် ပါတီကို လူ
ချစ်လူခင်များအောင် ထောက်ခံမှုပိုမိုရရှိအောင် လုပ်ရမည့်အချိန် ဖြစ်တယ်။ အကျိုးမရှိသည့် ပြောဆိုဝေဖန်မှုများ
သည် ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လို့ ပြောကြားခဲ့သည်။
           ဦးဝင်းတင်မှ ပြောဆိုရာတွင်……ခက်တာက ဒေါ်စုကြည်က သူ့ဘေးနားမှာရှိတဲ့ လူငယ်တွေရဲ့ အကြံဥာဏ်
ပေးတာကို လက်ခံနေတယ်။ ဇေယျာသော်တို့လို နိုင်ငံရေးအတွေ့အကြုံမရှိ၊ ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူတွေ ဒေါ်
စုကြည်နားမှာရှိတော့ ပါတီအတွက် မကောင်းဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကို တိုင်ပင်လာမှ ပြောလို့ရတာ။
အကြံပြုလို့ရတာ။ ဒေါ်စုကြည်က လွှတ်တော်တက်နေတဲ့ကာလနဲ့ ခရီးထွက နေတဲ့ ကာလက များနေတော့ ပါတီဗဟို
ကော်မတီ အစည်းအဝေးတွေမလုပ်ဖြစ်ဘူး။ ဒီတော့ ကျွန်တော်တို့က အကြံမပြုနိုင်ဘူးဟု ပြောကြားခဲ့သည်။
         ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြို့နယ်ကိုယ်စားလှယ် အမည်စာရင်းကို ဗဟိုကော်
တီ၏ အတည်ပြုချက်ရွေးချယ်ရမည်ဖြစ်သော်လည်း ဒေါ်စုကြည်မှ ၎င်းအား ကာလကြာရှည်စွာ ထောက်ခံလာသည့်
\လူဟောင်းများ၏ နေရာတွင် ပညာတတ်လူငယ်များဖြင့် အစားထိုးဆောင်ရွက်နေမှုကို ထိပ်ပိုင်းခေါင်းဆောင်အချို့
မကျေမနပ်ဖြစ်နေခြင်းပင်ဖြစ်သည်။
           ဒေါ်စုကြည်မှာ ယနေ့အချိန်တွင် NLD ဗဟို၏ ပြောကြားချက်များကို နားမယောင်တော့ပေ။ NLD ဥက္ကဌ ရာထူး
ကို စတင်ရယူချိန်မှစပြီး သူလုပ်ချင်တာလုပ်နေတော့သည်။ဦးတင်ဦးကဲ့သို့ ၀ါရင့်ခေါင်းဆောင်များကိုပင် ပြစ်ပယ်လာ
သည့် ဒေါ်စုကြည်၏ လုပ်ရပ်များအပေါ် NLD ခေါင်းဆောင်များ မကျေမနပ်ဖြစ်နေခြင်းကြောင့် အနာဂတ်ကာလတွင်
NLD ပါတီခေါင်းဆောင်ပိုင်းတွင် မကျေနပ်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးလိုက်ရပေသည်။

မောင်ဖိုးတုတ်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More