Wednesday, April 9, 2014

စစ်တွေရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ ရခိုင်တွေရိုင်း၍ ဖြစ်ပွားရခြင်းမဟုတ်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ပြောကြား

မတ်လ ၂၆ ရက်ညနှင့် ၂၇ ရက်တို့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်..
.ဖြစ်စဉ်မှာ ရခိုင်တွေရိုင်း၍ ဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသည့်စုံစမ်းရေးအဖွဲ့
ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ထုတ်ဖော် ပြောကြားလိုက်သည်။
"ရခိုင်တွေက အင်မတန်ရိုးသားကြပါတယ်။ ကိုယ့်မြေကိုယ့်ရေမှာ ရိုးသားစွာလုပ်ကိုင်စား သောက်ကြတဲ့ အင်မ
တန်ရိုးသားကြသူတွေပါ။ ရခိုင်တွေ မရိုင်းကြပါဘူး။ ခုဖြစ်စဉ်က စိတ်ခံစား ချက်ကြောင့်သာ ခုလိုဖြစ်ပွားခဲ့ရတာပါ"
ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။
          ယင်းကို ဧပြီလ ၉ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် စစ်တွေဖြစ်စဉ် အပေါ် စုံစမ်းစစ်ဆေး
သည့် စုံစမ်းရေးအဖွဲ့၏ စုံစမ်းစစ်ဆေးချက်များနှင့်ပတ်သက်၍ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြား ခဲ့
ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ အုပ်ချုပ်ရေးပိုင်းနှင့်လုံခြုံရေးပိုင်းတို့တွင်
အားနည်းချက်များရှိခဲ့သည်ကို စုံစမ်းဖော်ထုတ် တွေ့ရှိခဲ့သည့်အပြင် မမှန်မကန်သတင်းပေး လှုံ့ဆော်သည့်အဖွဲ့
တစ်ဖွဲ့ ကြောင့်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။ သို့သော် ထိုအဖွဲ့ကို စုံစမ်းဖော်
ထုတ်၏၍မရသေးကြောင်း ယင်းက ဆိုသည်။
      ယင်းအပြင် ယခုဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ UN အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ အစည်းများ၏
အားနည်းချက်များကြောင့်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ကိုလည်း စုံစမ်းတွေ့ရှိခဲ့ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက
ပြောသည်။
           အဆိုပါဖြစ်စဉ်ကြောင့် UN အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းအချို့ ၏ မြန်မာငွေ
ကျပ်သန်းပေါင်း ၄ဝဝ ကျော်နှင့် အမေရိကန်ဒေါ်လာ လေးသောင်းကျော်တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းတော်
တော်များများ ပျက်စီးဆုံးရှုံးသွားသည်ဟု စုံစမ်းရေးအစီရင်ခံစာ တွင်ဖော်ပြထားသော်လည်း အသက် ၁၁ နှစ်အရွယ်
ဒေသခံရခိုင်တိုင်းရင်းသူ မိန်းကလေး ငယ်တစ်ဦး လုံခြုံရေးရဲတပ်ဖွဲ့က ပစ်ခတ်သော ကျည်ဆံထိမှန်သေဆုံးသွား
သည်ဆိုသည်မူ ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထား ခြင်းမရှိပေ။
         ဒေသခံရခိုင်တိုင်းရင်းသားများ လိုလားမှုမရှိဖြစ် နေသည့် UN အပါအဝင် နိုင်ငံတကာအကူအညီ ပေးရေး
အဖွဲ့ အစည်းများ၏ရုံးခန်းများကို ယခုလ ဧပြီမကုန်မီ စစ်တွေတွင် ပြန်လည်ဖွင့်လှစ်နိုင် အောင် ပြည်ထောင်စုအစိုး
ရအဖွဲ့နှင့် ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စုံစမ်းရေးအစီရင်ခံစာတွင်ဖော်ပြ
ထားသည်။
           "ဧပြီမကုန်ခင် ပြန်ဖွင့်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့တွေအနေနဲ့ အနာဂတ်ရခိုင်အရေး
တွေကိုဆောင်ရွက်တဲ့အခါ မျှတစွာဆောင်ရွက်ပေးဖို့ကိုလည်း သူတို့အဖွဲ့တွေ ကို ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းသွား
မယ်"ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့သည်။
        အဆိုပါအဖွဲ့အစည်းများ၏ရုံးခန်းများကို စစ်တွေတွင်ပြန်လည်ဖွင့်လှစ်၍ အကူအညီ ပေးရေးလုပ်ငန်းများ
ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်
မစ္စတာ ကင်တားနားက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာအစိုးရကိုဖိအားပေးတိုက်တွန်းခဲ့သည်။
မာန် ယုကျော်(ရွှေဝမြေ)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More