Monday, April 14, 2014

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

နိရဉ္စရာ

          မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူး သီးတောင်နှင့် မောင်တော မြို့နယ်များတွင် နေ
ထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူ အေ ပါ် သူမ အနေဖြင့်
ဆန့်ကျင်ကြောင်း ပြောဆိုသည့် သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်း လိုလို တွင် ယနေ့ ဖေါ်ပြသည်။
နိရဉ္စရာ သတင်းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေခ်ျ့မှ နာမည်ကြီး နေ့စဉ် သတင်းစာများ ဖြစ်ေ သာ (၁) The
Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ် တ၀င့် ဖေါ်ပြထား
သည်။ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထား ဘူးလား ဆိုသည်ကို
သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ မွတ် ဆလင်များ အပေါ် လူ့
အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ် တင် ဝေဖန် လိုက်ကြောင်း သတင်းစာများက
ဆိုသည်။ “ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်း ကို The
Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆ လင် မိသား တစု ကလေး
 နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ် မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော
 လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။
        ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိေ ကြာင်း
ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင်
လူဦးရေ အဆမတန် တိုးပွား လာ မူ ကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ
ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး န၀တနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်
တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေ သန္တရ ဥပဒေကို ဆက်လက်
ကျင့်သုံးမည်ဟု များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။
-###########################################################
ဘူးသီးတောင် မောင်တော လူဦးရေကန့်သတ်တာ ဒေါ်အောင်ဆန်းစုကြည် ပြောပိုင်ခွင့် မရှိ
----
ပလေတို ဒီမို
             အခြေခံဥပဒေအရ ရခိုင်ပြည်နယ်အစိုးရဟာ ပြည်သူ့လွှတ်တော် လက်အောက်ခံ မဟုတ်ဘူး။အခြေခံဥပဒေအရ
ရခိုင်ပြည်နယ်လွှတ်တော်ဟာ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ လက်အောက်ခံ မဟုတ်ဘူး။ကပ်လျက် တည်
ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတောင် IDP Camp တွေမှာ လူဦးရေထိန်းချုပ်ထားတာ လူတိုင်း သိတယ်။ ခိုးဝင်လာတဲ့သူတွေ
ကို အုပ်ချုပ်ရေးအပိုင်းက မွေးဖွားနှုန်း ကန့်သတ်ပိတ်ပင်တာဟာ ဘယ်ဥပဒေနဲ့ မညီ ဖြစ်နေသလဲ ပြောလို့ ရမယ်...
ဥပဒေ ရှိရင် အဲဒီ ဥပဒေအရပဲ ပြောရမယ်... ဥပဒေ အသစ် လုပ်ချင်ရင် အသစ်ထွက်လာအောင် ကြိုးစားရမယ်... အဲဒီလို
ထွက်လာပြီးရင် အဲဒီအတိုင်း လုပ်သလား မလုပ်ဘူးလား စောင့်ကြည့်တာပဲ လုပ်လို့ရမယ်.....
                         လွှတ်တော်ထဲမှာ ဆွေးနွေးလို့ရတယ်..... ပြည်နယ်အစိုးရလုပ်နေကိုင်နေတာကို ဝေဖန်ချင်ရင် ဥပဒေနဲ့ပဲ
ဝေဖန်လို့ရတယ်....ဒီအတိုင်း လက်လွတ်စပယ် ပြောတာဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူ့လွှတ်တော်အမတ်တစ်
ယောက်က စွက်ဖက်ရာ ရောက်နေတယ်....ဒါကိုလည်း တရားဥပဒေစိုးမိုးရေး တာဝန်ယူထားတဲ့ အမတ်တစ်ယောက်အနေနဲ့
နားလည်ဖို့ လိုတယ်...ရခိုင်တိုင်းရင်းသားတွေ သဘောတူလက်ခံရင် အခြေခံဥပဒေနဲ့မဆန့်ကျင်ရင် ရခိုင်ပြည်နယ် လွှတ်တော်
က သူ့ဘာသာသူ ဥပဒေ ထုတ်လို့ရတယ်.... ပြည်သူ့လွှတ်တော်ကို တင်ပြနေစရာ မလိုဘူး....
              ပြည်နယ်အစိုးရကလည်း သူ့ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ဥပဒေနဲ့ ညီညွတ်ရင် ဘယ်သူ့မှ မတင်ပြဘဲ လုပ်လို့
ရတယ်...ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ဘာမှ ဝေဖန်စရာ အကြောင်းမရှိဘူး...နိုင်ငံ
သားတစ်ယောက်အနေနဲ့ ဝေဖန်တယ် ဆိုရင်တော့ လက်ခံတယ်...ပလေတိုလည်း နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးအရပဲ
ဝေဖန်လိုက်ပါတယ်...

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More