Sunday, April 20, 2014

ရခိုင်မျိုးနွယ် မြိုလူမျိုးများကို သီးခြားတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုမည်



           ရခိုင်ပြည်နယ်အတွင်း နေထိုင်သော မျိုးနွယ်စု တစ်ခုဖြစ်သော မြိုလူမျိုးများကို ရခိုင်လူမျိုးအဖြစ်
မသတ်မှတ်ဘဲ သီးခြား တိုင်းရင်းသား မျိုးနွယ်စုဝင် တစ်ခုအဖြစ် အသိအမှတ် ပြုပေးရန် အစိုးရထံ တောင်း
ဆိုသွားမည် ဖြစ်ကြောင်း မြိုစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးထင်အောင်က ပြောကြား သည်။
           ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် မြိုလူမျိုးများကို
သီးခြား တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရေးအတွက် ရည်ရွယ် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်
၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
        မြိုလူမျိုးများသည် တိဗက်-မြန်မာ အနွယ်ဝင်များ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဘီစီ ၃၀၀၀ မတိုင်မီကပင်
 ရှိနှင့်ပြီး ဖြစ်သောကြောင့် သီးခြားတိုင်းရင်းသား အနေနှင့် သတ်မှတ်ပေးရန် ဆန္ဒပြု လက်မှတ်များ ကောက်ခံ
လျက်ရှိပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း အစိုးရထံ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သန်းခေါင်စာရင်း ကောက်တာကအစ မြိုလူမျိုးလို့ပဲ ကောက်ယူဖို့ တောင်းဆိုသွားမယ်” ဟု ၎င်းကဆိုသည်။
ယင်းတောင်းဆိုမှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မြိုတိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်း
ရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း မြို (ခ)ခမီ အမျိုးသား ညီညွတ်
ရေးအဖွဲ့ နာယက ဦးစိန်သာထွန်းက ပြောကြားသည်။
         အဆိုပါ လူမျိုးစုများကို တိုင်းရင်းသား မျိုးနွယ်တစ်ခု အနေနှင့် သတ်မှတ်ပေးလိုက်ပါက ပြည်ထောင်စု
မဟုတ်တော့ဘဲ တိုင်းရင်းသားမျိုးနွယ် အများအပြား ပေါ်ပေါက်လာမည် ဖြစ်ပြီး အမျိုးသားစည်းလုံး ညီညွတ်
ရေးကို ထိခိုက်နိုင်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
             “မြန်မာနိုင်ငံမှာ လူမျိုးစုလေးတွေက အများကြီး ရှိနေတော့ အကုန်လုံး တကွဲတပြားစီ ဖြစ်သွားမှာပေါ့”
 ဟု ၎င်းကဆိုသည်။မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိသည့်အနက် ရခိုင်တိုင်းရင်းသား
မျိုးနွယ်စုတွင် ရခိုင်၊ မြို (ခမီ) ဒိုင်းနက်၊ သက်၊ မရမာကြီး၊ ကမန် မျိုးနွယ်စုများ ပါဝင်ပြီး မြိုလူဦးရေ ၄၀,၁၆၇ ဦး
ရှိကြောင်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ထုတ်ပြန်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်
အစီရင်ခံစာအရ သိရသည်။

Arakan Twee facebook မှ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More