Tuesday, April 22, 2014

ကြောက်စရာအကောင်းဆုံး ကိုရိုနာ ကူးဆက်ပိုးအကြောင့်


17-04-2014

              မလေးရှားနိုင်ငံသားတယောက်ဟာ ဆော်ဒီအာရေဘီယား(Saudi Arabia)ကိုသွားပြီး နှစ်ပါတ်လည် 
ဘာသာရေး စုပေါင်း ၀တ်ပြုပွဲကို သွားခဲ့ ပြီးပြန်အလာမှာ.. ရုတ်တရက် သေဆုံးသွားခဲ့တယ်၊ သူပြန်လာတာမတ်လ 
၂၉ရက်၊သေဆုံးပုံက အလွန်မြန်ပြီး ထူးဆန်း နေတာကြောင့်၊..ဆေးရုံကသေဆုံးသူဟာ ဘာကြောင့်ဆေးကု ချိန်
တောင် မမှီဘဲသေဆုံး ရလည်းဆိုပြီး စစ်ချက်ယူလိုက်မှ။
          ကြောက်စရာအကောင်းဆုံး ကိုရိုနာ ကူးဆက်ပိုးကြောင့်ဆိုတာ ၇ှာတွေ့ သွားတော့.... ကျန်းမာရေးဌာနကအ
ရေးပေါ်တနိုင်ငံလုံးကြေငြာပြီး မကာကနေ ဘာသာရေးပွဲသွား တဲ့သူတွေအားလုံးကို ဆေးစစ်နေကြပြီ၊ အရမ်းကူးဆက်
မြန်တဲ့ပိုးပါ ၊..ခုဆိုအများဆုံး အစ္စလာမ်နိုင်ငံ(၁၁)နိုင်မှာ-
      Jordan, Saudi Arabia , Qatar, United Arab Emirates, United Kingdom , France, Germany, Italy, Tunisia , 
Oman and Kuwait by most patients in Saudi Arabia
ရောဂါကူးဆက်နေသူ ၉၀ လောက်သေနေပြီ-၊ဒီမကာပွဲကနေကူးဆက်လာကြတာများတယ်လို့  ဆိုတယ်၊ဒီ (corona) 
ပိုးက၂၀၁၂ထဲက တွေ့ နေပေမယ့်.. ခုလောက် ကူဆက်မမြန်သေးတော့ လူတွေသိတ်အလေးမထားကြပါ။
          ခုတော့ဒီပိုးက တဦးကနေတဦး..ကူးဆက်တာအလွန်လွယ် ပါသတဲ့၊ စကားပြောရင်း-တတွေး-ချွေးကတောင်ကူးနိုင်
တော့ aids ရောဂါထက်အဆပေါင်းများ စွာ အန္တရယ်ပေးနိုင်ပါတယ်၊ ခုသေသွားတဲ့ မလေးရှားနိုင်ငံသားကို ပြုစုတဲ့ ဖိလစ်ပိုင်
အိမ်ဖေါ်ကိုသူ့ နိုင်ငံက အရေးပေါ်ပြန် ခေါ်သွားပြီး အထူးစီမံထားတဲ့ဓါတ်ခွဲခန်းအတွင်းမှာဆေးစစ်ခံနေရပြီ။
             ဒီရောဂါပိုးမှန်း မသိတဲ့သူတွေက aids ထင်ပြီးဆေးရုံကိုပြရမှာရှက်တော့ အိမ်ဖေါ်တွေ-ကျန်းမာရေးဝန်ထမ်းတွေနဲ 
့တိတ်တိတ်ကုတော့ ပိုးဆိုးလာတာပေါ့။ခုလိုကြောက်စရာကိုရိုနာ ကူးဆက်ပိုးကို မလေးကစတွေ့ သွားတော့ ထိုင်းနိုင်ငံကပါ 
ကြောက်လန့်  လာပြီလေ၊ ထိုင်းကနေမကာကို သွားတဲ့ အစ္စလာမ် ဘာသာဝင်(၁၀၀၀၀)ကိုဒီရက်ပိုင်းမှာဘဲ အားလုံးဆေးစစ်ဖို့ 
လုပ်နေပါတယ်၊
ဒီရောဂါလက်ခဏာကတော့ မဖျားမကျဖြစ်နေ-ချောင်းအလွန်ဆိုး-ကိုယ်အပူချိန်တက်ပြီး -ကိုယ်တွင်းကနေ အရည်တွေ 
ထွက်လာ၊ အသက်ရှူလို့ လည်းမ၀နဲ့ ဖြစ်နေရင် အနားမှာနေတဲ့သူတွေ နှာခေါင်း အကာ တတ်ထားရမယ်၊ နောက်လက်ကိုအ
ရက်ပျံနဲ့ မကြာ ခဏဆေးပေးပြီး လူနာအ၀တ် အစား အားလုံး-အသုံးအဆောင်အားလုံး မသုံးမိဘို့ လိုပါတယ်။
မိမိတို့ နိုင်ငံတွင်းက မကာသွားပြီး ဟာဂျီဘွဲ့ ခံတဲ့ အစ္စလာမ်ဘာသာဝင်တွေလည်း ပေါ့ပေါ့မနေကြဘို့  သတိပေးလိုက်ပါရစေ။

BY min burma

ကောင်းထက်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More