Friday, April 18, 2014

ရခိုင်အမျိုးသားညီလာခံအတွက်အလှူငွေကျပ်သိန်း (၃ဝဝ) လှူဒါန်း


        ရခိုင်ပြည်လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်တစ်မျိုးသားလုံးပါဝင်သော 
ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တွင် (၂၇၊ ဝ၄၊ ၂ဝ၁၄) မှ (ဝ၁၊ 
ဝ၅၊ ၂ဝ၁၄) နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိသည်။
      အဆိုပါရခိုင်အမျိုးသားညီလာခံဖြစ်မြောက်ရေးအတွက် ဦးစံရွှေအောင် (ညွှန်ကြားရေးမှူးချုပ်၊ ပညာရေး
နှင့်လေ့ကျင့်ရေးဦးစီဌါန၊ နယ်စပ်ရေးရာဝန်ကြီးဌါန) ဇနီး ဒေါ်အေးအေးသန်း၊ (သား) ဒေါက်တာမျိုးထက်ကို၊ 
ဒေါက်တာ မေသူထွန်း၊ (သား) မောင်ကောင်းထက်စံ (ဆေးတက္ကသိုလ်-၁)၊ (သား) မောင်ကောင်းမြတ်စံ
 (ဆေးတက္ကသိုလ်-၁) မိသားစုမှ ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီသို့ အလှူငွေကျပ်သိန်း (၃ဝဝ)
 ကျပ်သိန်းသုံးရာ ကို လှူဒါန်းခဲ့ကြောင်းသိရသည်။
       အလှူရှင် ဦးစံရွှေအောင်မှ မိမိတို့မိသားစုမှ အလှူငွေပေးအပ်ရခြင်းအကြောင်းကို ပြောကြားရာတွင် ယခု
အမျိုးသားညီလာခံ(ကျောက်ဖြူ) သည် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင်းတနေသော ရခိုင်ပြည် 
လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးစေရေး အတွက် ဘုံသဘောထားတွေ ရရှိမယ်လို့မျှော်လင့်ကြောင်း နှင့် "ရခိုင်ပြည်ကြီး 
လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်စေချင်လို့ စေတနာသန့်သန့်နှင့်လှူပါတယ်" လို့ပြောကြားခဲ့ပါသည်။
          ယင်းအလှူငွေများကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားညီလာခံ၊
 ဦးဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးလှစော၊ ဦးသိန်းရွှေ၊ ဦးဖေသိန်း၊ ဦးကျော်ဟန် တို့မှ လက်ခံရယူ
ခဲ့ကြပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်ဟုသိရသည်။
        အဆိုပါရခိုင်အမျိုးသားညီလာခံကြီး အထမြောက်အောင်မြင်စေရန်အတွက် ရခိုင်သူ၊ ရခိုင်သားများမှ 
စုပေါင်းအားထုတ်လျှက်ရှိကြရာ၊ အလှူရှင်များမှလည်း မိမိတို့တက်အားသလောက် ပါဝင်လှူဒါန်းလျှက်ရှိ
ကြောင်းသိရသည်။

Written by: Nyi Nyi Maung
Photo by: မင်းဘာကြီး

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More