Thursday, April 17, 2014
ထိုင်းဘုန်းတော်ကြီးတစ်ပါးအားမြန်မာအလုပ်သမား(၃) ဦးအသေသတ်”
               ဘန်ကောက်မြို့အနီး နွန်ထဘူရီမြို့ဆိုင်ငန့် ဘုန်းတော်ကြီးကျောင်း ထိုင်း ဆရာတော်
 လွတ်မြောက်သွားပြီး၂ဦး အား ပြီးခဲ့တဲ့ စနေနေ့မှာလမ်းစစ်ကား ဂိတ်တွင် ဖမ်းဆီးမိလိုက်သည်။
ဧပြီလ ၁၂ ရက်နေ့ နေ့လည်၁၁နာရီခန့်က သက်တော် ၄၈ နှစ်ဝါတော် ၂၈ ၀ါ ရှိသော ဘုန်းတော်ကြီး 
အာကျန်းသွေ့ အား ကျောင်းတွင်မှီခို ကပ်ယပ်နေ ထိုင်ကြသည့် မြန်မာအလုပ်သမား၃ဦးက သင်္ကြန်
လည် ပတ်ရန် ငွေလိုသဖြင့် ၆ လက္မအရှည်ရှိသော ဓါးဖြင့်ထိုးသတ်၍ထွက်ပြေးသွားခဲ့ကြသည်။
ဖမ်းဝရမ်းအမှတ် ၁၄၉/၂၀၁၄ဖြင့်ရဲတပ်ဖွဲ့ဝင်းပေါင်း ၅၀ ဦး လေယာဉ် အသေးစား အပြင် ရဲခွေး များကို
ပါ အသုံးချခဲ့ကြသည်။ ဖုန်းလိုင်း GPRS နည်း ပညာဖြင့် နာရီပေါင်း ၃၀ ရှာဖွေခဲ့ကြသည်။ ပထုန်ဌာနီ
 မြို့နယ် ၊ထန်ယဘူရီမြို့ ပချားထိပတ်သိုင်းရပ်ကွက် လမ်းစစ် ကားမှတ်တိုင် တစ်နေရာ တွင် ပြီးခဲ့တဲ့ 
စနေနေ့၊နေ့လည် ၁၁ နာရီအချိန်ခန့်က တရား ခံဟု ယူဆရသူ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
          ဖမ်းဆီးရသူများမှာ အသက် ၂၅နှစ်အရွယ် အောင်ခင်မျိုး(ခ) မျိုးခိုင် နှင့် အသက်၂၆နှစ်အရွယ်
 အောင်ခိုင်မြင့် တို့ဖြစ်ကြသည်။ ထွက်ပြေးလွတ်မြောက် နေသူမှာ စိုင်းမောင်မင်း ဆိုသူဖြစ်သည်။ ဖမ်းမိ
သူများထွက် ဆိုချက် အရ နေရပ်ရင်းသို့ငွေပို့ရန်နှင့် သင်္ကြန်လည် ပတ်ရန် ငွေလိုသဖြင့် ယခုကဲ့သို့ လူ
သတ်မှုအထိ ကျူးလွန် မိကြောင်း ထိုင်းဘာသာဖြင့်ထုတ်ဝေသောထိုင်းရတ်နှင့်ခေါင်စွတ်
သတင်းတွင်ရေးသားထားသည်။
shwemyanmarmediagroup
0 ထင်မြင်ချက်ပေးရန်:
Twitter Delicious Facebook Digg Stumbleupon Favorites More