Monday, April 14, 2014

မလေးရှား လေယာဉ်ကို ရှာဖွေဖို့ လူမဲ့ရေငုပ်သင်္ဘေအသုံးပြု


     ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ပထမဆုံးအကြိမ် လူမဲ့ ရေငုပ်သင်္ဘော အသေးစားကို သုံးပြီး
ရှာဖွေဖို့ စီစဉ်နေကြပါတယ်။အဲဒီ ရေငုပ် သင်္ဘောဟာ ပျောက်ဆုံး လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်
တမ်းတင် ကိရိယာ Black Box ကနေ ထုတ်လွှတ်တဲ့ အချက်ပြ အသံလှိုင်း လာရာနေရာလို့ ယူဆရတဲ့
 သြစတြေးလျ ကမ်းခြေအနီးက အိန္ဒိယ သမုဒ္ဒရာ ရေအောက်ကြမ်းပြင်ကို လျှပ်တိုက်သွားမှာ ဖြစ်ပါတယ်။
လေယာဉ်ရှာဖွေရေး ဆိုင်ရာ သြစတြေးလျ တာဝန်ခံ အရာရှိ တစ်ယောက် ကတော့ အခုချိန်လောက် ဆိုရင်
 Black Box မှာ ပါတဲ့ ဘက်ထရီအား ကုန်လောက်ပြီလို့ ထင်ရကြောင်း ပြောပါတယ်။
             ရှာဖွေရေး လုပ်နေတဲ့ လက်ရှိ နေရာအတွင်းမှာ ဆီတွေကို တွေ့ရတယ်လို့ ဆိုပေမယ့် ဒါဟာ ပျောက်
ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 က ဟုတ် မဟုတ် စမ်းသပ်နိုင်ဖို့ ရက်အတန်ကြာလိမ့်ဦးမယ်လို့ သူက
 ဖြည့်စွက် ပြောပါတယ်။
From: BBC Burmese

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More