Sunday, April 27, 2014

“အခန်းပိတ်လှောင်ခံရခိုင်မိန်းကလေးငယ်တစ်ဦးအားကယ်ထုတ်”



၂၀၁၄ ဧပြီလ ၂၆| ကိုတီး

                 သုံးညနှင့်လေးရက် အခန်းတွင်းပိတ်လှောင်ခံခဲ့ရသည့် ရခိုင်အလုပ်သမတစ်ဦးအား 
ဘန်ကောက်မြို့တွင် MAT နှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ညနေက ကယ်ထုတ်နိုင်ခဲ့သည်။
ဘန်ကောက်မြို့ ထပ်ခန်းနယ်မြေအနီးရှိ မြန်မာပွဲစားအမျိုးသမီးတစ်ဦး၏ အခန်းတွင် ပိတ်လှောင်
 ခံထားရသည့် အသက်၂၀အရွယ် ရခိုင်အလုပ်သမအား ငွေပေး၍ ရွေးထုတ်ရန် အသွင်ယူလျှက် 
ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ စင်ထရယ် ကုန်တိုက်အနီး ဟော်လန်ဘီယာ ဆိုင်ရှေ့ ကွင်း
ပြင်တွင် အငှါးကားပေါ်မှ ကယ်ထုတ်နိုင်ခဲ့သည်။
              ပူးပေါင်းကူညီသူများမျှော်လင့်သကဲ့သို့ ပွဲစားအမျိုးသမီး ကားပေါ်တွင်ပါမလာပဲ အခန်း
ပိတ်လှောင် ခံခဲ့ရသည့်အလုပ်သမကိုသာ ကယ်တင်နိုင်ခဲ့သည်။ ပြီးခဲ့သည့်၆ရက်ခန့်က ရခိုင်ပြည်နယ် 
ပုဏ္ဏားကျွန်းမြို့နယ် ကန်တော့ခံရွာမှ ရခိုင်အလုပ်သမား မတစ်ဦနှင့် အမျိုးသား၃ဦး တို့အား လုပ်အား
ခလစာကောင်းကောင်းရရှိမည်ဟု မြန်မာပွဲစားအမျိုးသမီးက လှည့်ဖြားခေါ်ဆောင်လာခဲ့ပြီး အမျိုးသား
သုံးဦးအား ငါးဖမ်းလှေသို့ ရောင်းချခဲ့ပြီးဖြစ်သည်။
              ကယ်ထုတ်လာနိုင်သည့် ရခိုင်အလုပ်သမမှာ မိမိအားပိတ်လှောင်ထားသည့် နေရာအားမမှတ်မိ 
တော့သဖြင့် ပွဲစားအမျိုးသမီးကိုဖမ်းဆီးအရေးယူနိုင်ခြင်းမရှိခဲ့ချေ။ ရခိုင်အလုပ်သမအား သူမ၏ အစ်ကို 
ဖြစ်သူလက်ထဲသို့ အပ်နှံခဲ့ကြောင်း MAT အဖွဲ့ကပြောသည်။
             အစ်ကိုဖြစ်သူက...“ကျနော့်ယောက္ဖတို့ ၃ယောက်တော့ ငါးဖမ်းလှေကို ပါသွားပြီ။ ကျနော့်ညီမ
ကို ဘတ် ၁၂,၀၀၀ပေးမှ လွှတ်ပေးမယ်။ မပေးရင် မလေးရှားနယ်စပ်မှာ ပြည့်တန်ဆာအဖြစ်ရောင်းစားမယ် 
လို့ပြောပါတယ်။ ကျနော် ဘတ်၈,၀၀၀ ပွဲစားမကို လွှဲပေးလိုက်မှ ကျနော့်ညီမကို တက္ကစီနဲ့ တင်လွှတ်ပေး 
လိုက်တာ။ ကျန် ဘတ်၎,၀၀၀ ကို ရခိုင်ပွဲစား ဘဏ်စာအုပ်ထဲကိုထည့်ခိုင်းတယ်။ MAT အဖွဲ့ တစ်နေကုန် 
ပါပဲ၊ အစီအစဉ်ချတာ၊ ရဲစခန်း ၂ခုသွားရတယ်။ ကျနော့်ညီမလွတ်လာအောင်ကူညီပေးကြတဲ့အတွက် 
အားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဟုပြောသည်။
            ပွဲစားအမျိုးသမီးသည် ရခိုင်အလုပ်သမထံမှ ကျပ်ငွေ၂သိန်းတန်နားကပ်တစ်ရံ၊ လက်ကိုင်ဖုန်း
တစ်လုံး နှင့် အ၀တ်အထည်များအားလုံးတို့ကို ယူထားလိုက်ကြောင်း လွတ်မြောက်လာသူကပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က...
             “ ဒီအမှုမှာ ရခိုင်ပွဲစားနဲ့ဗမာပွဲစားမနဲ့ပေါင်းပြီးလူရောင်းစားကြတာဖြစ်တယ်။ အရပ်လေးမျက်နှာ
ကိုတောင် မသိတတ် ကြတဲ့လူတွေဖြစ်တယ်။ ထိုင်းပုလိပ်တွေကမကြာမကြာပြောတာကတော့ ၂၀၁၅ခုနှစ်မှာ
 ထိုင်းနိုင်ငံမှာ မြန်မာပွဲစားလုံးဝမရှိစေရတော့ဘူး။ ယခုကတည်းက စတင်ပြီးနှိမ်နင်းနေပြီ လို့ပြောပါတယ်။ 
နောက်တစ် ခုက ထိုင်းငါးဖမ်းလှေတွေကို အကြောင်းပြချက်မခိုင်လုံပဲ၊ ဥပမာ လူကုန်ကူးခံနေရကြောင်း 
တိုင်ကြားသူ မရှိပဲ မဖမ်းဆီးရလို့ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရကလည်း ထိုင်း
ဘက် ကချမှတ်နေတဲ့ မူဝါဒတွေ ကြေညာချက်တွေကို ချက်ခြင်းသိရှိနိုင်အောင် စနစ်တကျ ပြင်ဆင်ထားသင့်ပါ 
တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားဝင်အသိပတ်စပို့နဲ့နေကြတဲ့ အလုပ်သမားကိုယ်၌က နှစ်သန်း ရှိနေလို့ပါ”
ဟုပြောသည်။
          MATနှင့်FED တို့သည် ငါးဖမ်းလှေသို့ရောင်းစားခံလိုက်ရသည့် အလုပ်သမားများလွတ်မြောက် ရေးနှင့် လူ
ကုန်ကူးသည့်ပွဲစားများအား ဖမ်းဆီးနိုင်ရေးအတွက် ဒေသခံရဲများနှင့် စီစဉ်လျှက်ရှိကြောင်းသိရှိ ရသည်။
 ရွှေလုပ်သား

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More