Sunday, April 20, 2014

ကိုးသောင်းပုထိုးတော်ဘုရားကြီးအားအမြန်ဆုံးထိမ်းသိမ်းပါဟုဒေသခံများနှင့် နိုင်ငံခြားသားများတောင်းဆို

  ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦးမြို့တွင် ထင်ပေါ်ကျော်ကြားသော
ကိုးသောင်းဘုရားကြီး၏အရှေ့ဘက်ရှိကိုက် ၁၀၀ ရာခန့် အကွာတွင် မီးရထားလမ်းဖောက်လုပ်လျှက်ရှိ
ကြောင်းသိရသည်။ အဆိုပါ ကိုးသောင်း ဘုရားကြီးသည် သဘာဝဘေးဒဏ် မိုးဒဏ်ကြောင်း ယိုယွင်း
ပျက်စီလျှက်ရှိရာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမူဌာနမှ တစုံတရားထိမ်းသိမ်းခြင်းမရှိသောကြောင်း
ပိုမိုပျက်စီလျှက်ရှိပြီး ယခုလို ကိုးသောင်းဘုရားကြီး၏ ခိုင်ခန့်မူမရှိသည့်ကြား က ရန်ကုန် မှ စစ်တွေ
သို့ ဖောက်လုပ်နေသော မီးရထားလမ်း၏ တုန်ခါမူဖြင့် အဲဒီကိုးသောင်းဘုရားကြီးဟာ နောင်လာ နောင်
သားများ ဗုဒ္ဓဘာသာ၏ ရှေးဟောင်းယဉ်ကျေးမူအမွေးနှစ်များ ပျက်စီပျောက် ကွယ်သွားနိုင်ကြောင်းတွေ့
ရှိရသည်။ ဆက်လက်ပြီး မီးရထားလမ်းအား တခြားနေရာသို့ လွဲပြောင်း၍ ဖောက်လုပ်ရန်သင့်တော်ကြောင်း
ဒေသခံ ရခိုင်လူထုတစ်ရပ်လုံးက တောင်းဆိုလျှက်ရှိကြောင်းသိရသည်။
           အဆိုပါကိုးသောင်းဘုရားကြီးသည် ခရစ်သက္ကရ် ၁၅၅၃ ခုနှစ် ဘုရင်ကြီး မင်းတိက္ခာနာမကျန်းဖြစ်၍
ဟူးရားဖြူဟူးရားညိုပုဏ္ဏားတို့၏တွက်ချမူဖြင့် ယတ္တာရာအဖြစ်ဆောက်လုပ်ရာတွင် ၆ လ နှင့်အပြီးတည်ဆောက်
ခဲ့ရသောကြောင့် ခိုင်ခံမူမရှိ၍ပြိုပျက်ခဲ့ရပါသည် ယခုအခါ ပြန်လည်ပြုပြင်ထားသော်လဲ အတွင်းပတ်လမ်းရှိဂူ
တိုင်းတွင် သံဖရိန်းများဖြင့်ထောက်ခံထားရကြောင်းတွေရသည်။
            ဒါကြောင့် ယိုင်နဲနဲဖြစ်နေသော လည်းကောင်း ကိုးသောင်းဘုရားပုထိုးကြီးအနီးမှ ရထားကြီးသာ
 နေ့စဉ်နေ့တိုင်းဖြတ်သန်းသွားလာနေပါကမီးရထား၏တုန်ခါမူဖြင့်နှစ်အနည်းအငယ်အတွင်းမုချပြိုကျသွားနိုင်
ကြောင်း နိုင်ငံခြားသားအများစုကဝေဖန်ပြောဆိုနေကြသည်။
www.alodawpyei.org / contact@alodawpyei.org

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More